ရှုတင်ပြီးသွားလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ စနောက်နေကြတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးရဲ့ဗီဒီယို

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ အနုပညာမောင်နှမတွေဖြစ်ကြတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးကတော့ လတ်တလောမှာ ဒါရိုက်တာ ပွင့်သိဂီင်္ဇော် ရိုက်ကူးနေတဲ့ “မြက်နု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတူသရုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ မနေ့ကတော့ ရွှေကစ်လေးက ရှုတင်ပြီးသွားတဲ့ နောက်ဆုံးနေ့လေးမို့ ပျော်ရွှင်နေကြတဲ့ သူတို့ရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦး စစနောက်နောက်နဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ရတဲ့ ရွှေကစ်လေးနဲ့ နေတိုးတို့ရဲ့ဗီဒီယိုလေးကတော့ အရမ်းကို ချစ်စရာကောင်းလွန်းပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ရှုတင်ပြီးသွားလို့ ကလေးတွေလို ပျော်ရွှင်နေကြတဲ့ နေတိုးနဲ့ ရွှေကစ်လေးတို့ရဲ့ဗီဒီယိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 


ရှုတင်မှာ စစနောက်နောက် ပျော်ပျော်ရွှင်ရွှင်တွေ့ရတဲ့ ဝတ်​မှုံရွှေရည်နဲ့ နေတိုး

နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ အနုပညာမောင်နှမတွေကတော့ မကြာခဏဆိုသလို ရုပ်ရှင်ဇာတ်ကားကောင်းတွေ အတူရိုက်ကူးလေ့ရှိပြီး အကယ်ဒမီဆုကြီးတွေကိုလည်း ကိုယ်စီ ဆွတ်ခူးထားနိုင်တဲ့ အနုပညာရှင်နှစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့ သူတို့နှစ်ဦးကတော့ လက်ရှိမှာ “မြက်နု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အကောင်းဆုံးပုံဖော် ရိုက်ကူးခဲ့ပါသေးတယ်။ချစ်ပရိသတ်တွေလည်း အမြဲလိုလို ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်တွေ့ရတတ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့နှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *