လက်ထပ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ Mario

Posted on

ထိုင်းဆယ်လီစုံတွဲ တော်တော်များများက အချစ်ရေးကို တရားဝင် ထုတ် ပြောပြီး ပေါ် တင် တွဲ ကြတာ များပါတယ်။ ချစ်သူနဲ့ စုံတွဲ ပုံတွေကိုလည်း ဆိုရှယ်မီဒီယာ ပေါ်မှာ တင်ကြတာ များပါတယ်။ဒါပေမယ့် အဲ့လို စုံတွဲ တွေထဲမှာ Mario Maurer နဲ့ Junji Junjira တို့ စုံတွဲ က တော့ မပါပါဘူး။နှစ်ယောက် တွဲ ပုံကို IG မှာ တင်တာ မျိုးက မရှိ သ လော က် ကို ရှားလွန်းတာပါ။Mario Maurer က တော့ ချစ်သူနဲ့ လက်ထပ်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး အင်တာ ဗျူး တစ်ခု မှာ ထုတ်ပြောခဲ့တဲ့အ ကြောင်းကို Thai Update မှာ အခုလို ဖော်ပြထားပါတယ်။

သြဂုတ်လ (၁၈) ရက်နေ့မှာတော့ ပွဲတစ်ခုကို တက်ရောက်လာတဲ့ Mario ကို သတင်းထောက် တွေ က အင်တာ ဗျူး လုပ် ခဲ့ပါတယ်။တွဲလာတဲ့ ချစ်သူသက်တမ်း က (၆)နှစ်ကျော်လာပြီဆို တော့ လက်ထပ်ဖို့ အစီအစဉ် ရှိ နေပြီ လား လို့ မေးခဲ့တာပါ။Mario က လက်ရှိ အချစ်ရေးမှာ ပျော် ပါတယ်။ဒါပေမယ့် လက်ထပ်ဖို့ အစီအစဉ် က တော့ အခုထိ မရှိ သေးဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ပြန် ဖြေ ခဲ့ပါတယ်။လက်ရှိ အချစ်ရေးကို ဘယ်လို ပုံစံနဲ့ တည် ဆောက် နေလဲ ဆိုတာကိုတော့..

သူတို့နှစ်ယောက်လုံးက အလုပ်လုပ် နေကြပြီး တခါ တ လေ တော့ အားရင် တွေ့ ဖြစ် တယ်လို့ ပြော ခဲ့ ပါတယ်။ ချစ်သူ သက်တမ်း(၆)နှစ်ကျော်ပေမယ့် တခြားဆယ်လီ အတွဲ တွေ လို မဟုတ်ပဲ အရမ်းသိုဝှက် လွန်းတဲ့ သူတို့ ရဲ့ အချစ် ရေး နဲ့ ပတ်သက်ပြီး မီဒီယာ တွေ ရော ပရိသတ်တွေ ကပါ အရမ်းစိတ်ဝင်စားနေတာပါ။ (၂၀၁၉)တုန်းက အင်တာဗျူးတစ်ခုမှာ Junji ကို ချစ်သူMario Maurer ဆီ က နေ ဘာ မွေးနေ့လက်ဆောင် ရလဲလို့ မေးတဲ့ အခါ မှာ တော့

Junji က “သူက ဘာမှ မပေးပါဘူး။ ကျမကိုယ်စား သူ့ကိုပဲ မေးလိုက်ပါလား။ ကျမကို အတူ Meal သွားစားကြတယ်၊ ဒီ လောက်ဆို ကျမအတွက်ရပါတယ်။ အေးဆေးသက်သောင့်သက်သာလည်း ဖြစ်တယ်.။တခြား ဘာ Surprise မှ လည်း မရှိပါဘူး။ တကယ်တော့ ကျမလည်း ဘာမှ မျှော်လင့်ထားတာမရှိပါဘူး။ သူက အရမ်းအလုပ် များ နေတော့ေ လ..။ သူလည်း Surprise လုပ်မယ် မထင်ပါဘူး။ နှစ်တိုင်းမွေးနေ့ Surprise အတွက် မျှော်လင့်ထားတာ မရှိပါ ဘူး..” ဆိုပြီး ပြောခဲ့ပါတယ်။မွေးနေ့ သီချင်း ဆိုပြ ခဲ့ပြီး မွေးနေ့ ကိတ်က တော့ သူတို့ သွားစားတဲ့ ဆိုင်က လက် ဆောင် ပေးတယ်လို့ ပြောခဲ့ပါတယ်။

(၂၀၁၉)တုန်းက အင်တာဗျူးမှာလည်း Mario Maurer က လက်ထပ် ဖို့ ကိစ္စ နဲ့ ပတ်သက်ပြီး တိုင်ပင် ဆွေးနွေး ဖြစ်တာ မျိုး တခါ မှ မရှိဖူးဘူး။မ ပြောဖြစ်ဘူး လို့ ပြောခဲ့ပါတယ်။Mario က တော့ Thai TV3 နဲ့ နောက်ထပ်စာချုပ် သစ်တိုးချုပ်ဖြစ်ပါတယ်။ဇာတ်ကားတွေကို ဆက်တိုက်ရိုက် နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *