လက်ရှိပျိုမေတွေကြားမှာ ရေပန်းစားနေတဲ့ Headphone Wire Waist Challenge

Posted on

လူမှုကွန်ရက်ပလတ်ဖောင်းတွေ အသီးသီး အားကောင်းလာသည်နှင့်အမျှ လူငယ်ထုကြားမှာလည်း မရိုးနိုင်လောက်တဲ့ ဆယ်လ်ဖီပုံတွေ၊ များပြားလှတဲ့ ခရီးစဉ်ဓာတ်ပုံတွေ၊ တစ်နေ့တာ လုပ်ဆောင်မှု ပုံရိပ်တွေ၊ တိုက်ရိုက်ဗွီဒိယို ထုတ်လွှင့်မှုတွေ၊ Challenge တစ်ခုခုကို ပြိုင်ဆိုင်လုပ်ဆောင်မှုတွေဟာ မရိုးနိုင်ဖွယ်ရာပါပဲ။


အမျိုးသားတွေသီးသန့်အတွက် စီမံထားတဲ့ Challenge တွေ၊ အမျိုဝးသမီးအတွက် စီမံထားတဲ့ Challenge တွေ၊ တော်ရုံလူ လိုက်လုပ်ဖို့ခက်ခဲတဲ့ Challenge တွေ၊ ကျားရော-မရော လိုက်လုပ်ဖို့ အဆင်ပြေမယ့် Challenge တွေကို ကျွန်တော်တို့တစ်တွေ မမောတမ်း ကြည့်ခဲ့ကြပြီးပါပြီ။
အခု တရုတ်ပျိုမေတွေကြားမှာ ခေတ်စားနေတဲ့ Challenge ကတော့ Headphone Wire Waist Challenge ဖြစ်ပါတယ်။ လုပ်ရကိုင်ရတာ ရိုးရှင်းပေမယ့် အတော်လေးကို fitness ဖြစ်တဲ့အမျိုးသမီးမျိုးမှ Challenge က အဆင်ပြေစေမယ့်သဘောပါ။ ဆိုရရင် Challenge ရဲ့နာမည်အတိုင်းပဲ ဖုန်းနားကျပ်နဲ့ ခါးကို ပတ်ပြတာပါ။


ဗိုင်းရပ်စက်ကူးစက်ရောဂါဘေးကို တစ်ခြားနိုင်ငံတွေထက် ပိုခံနေရတဲ့ တရုတ်အဖို့၊ အထီးကျန်ခြင်းနဲ့ သီးသန့်နေထိုင်ရခြင်း အခြေအနေတွေက တရုတ်ပျိုမေတို့ရဲ့ ကျန်းမာရေးနဲ့အလှအပပိုင်းဆိုင်ရာကို မထိခိုက်ကြောင်း မြင်သာစေဖို့ တီထွင်လိုက်တဲ့ Challenge လို့ ပြောလို့ရပါတယ်။Weibo မှာတော့ ယင်း Hashtag ကို ဖတ်သူ သန်း(၂၃၀)အထိ ရှိခဲ့ပြီး၊ ပါဝင်ယှဉ်ပြိုင်သူ ထောင်သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ တကယ်လို့ ကိုယ့်မှာ ခါးကိုချည်နှောင်ပြစရာ နားကျပ်မရှိဘူးဆိုရင်လည်း တစ်ခြားသင့်တော်မယ့် ကြိုးတစ်ခုခုနဲ့ စီမံလို့ရပါတယ်။ တစ်ချို့ဆို အဲဒီလို သင့်တော်တဲ့ ကြိုးတွေနဲ့ ချည်နှောင်ပါဝင်တာမျိုးလည်း ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *