ပရိသတ်ကြီးရေ အနုပညာရှင်တစ်ဦး ဖြစ်တဲ့ ဖြိုးကျော်ကျော်မြတ်ကတော့ နိုင်ငံကျော်သရုပ်ဆောင်မင်းသမီး မျိုးစန္ဒီကျော်ရဲ့ ခင်ပွန်းဟောင်း ဖြစ်ပြီး သူတို့ဇနီးမောင်နှံ တရားကွာရှင်းပြတ်စဲခဲ့တဲ့ အချိန်မှာလည်း ပရိသတ်တွေလည်း စိတ်မကောင်း ဖြစ်ခဲ့ကြတာပါ။
ကွာရှင်းပြတ်စဲလိုက်ပေမယ့် တစ်ဦးတည်းသောသမီးလေးကတော့ မျိုးစန္ဒီကျော်နဲ့ နေထိုင်ပေမယ့်လည်း နှစ်ဖက်စလုံးနဲ့ အဆက်အသွယ်မပြတ်အောင် ဖခင်ဖြစ်သူ ဖြိုးကျော်ကျော်မြတ်နဲ့ လည်း အဆက်အသွယ်မပြတ်ပေးတွေ့ လျက်ရှိတာပဲ ဖြစ်ပါတယ်။ ဖြိုးကျော်ကျော်မြတ်ကတော့ သမီးလေးနဲ့တွေ့တဲ့ အချိန်တိုင်း သမီးလေးကိုအချိန်ပြည့်အချိန်ပေးကာ TikTok လေးတွေလည်း သမီးလေးနဲ့ အတူ လိုက်ဆော့ပေူလေ့ရှိပါသေးတယ်။
လက်ရှိမှာလည်း သမီးလေးဟာ သူမအတွက် ဘဝမှယအရေးကြီးတဲ့ အထိမ်းအမှတ်အနေနဲ့ သမီးလေးရဲ့ ပုံတူလေးကို သူ့ရဲ့ လက်မောင်းအပြည့် တက်တူးထိုးခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး ပြိုကွဲခဲ့ပေမယ့် သမီးလေးအပေါ်ကိုတော့ ဖခင်ဝတ္တရားအပြည့်နဲ့ ရှေ့ဆက်နေတယ်လို့ ပြောရမှာပါ။ ပရိသတ်ကြီးလည်း သမီးလေးရဲ့ ပုံရိပ်လေးကို တက်တူးအပြည့်ထိုးထားတဲ့ ဖခင်တစ်ယောက်မေတ္တာကို မြင်မိတယ်ဆိုရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source:Phyo Kyaw Kyaw Myat