လစာကောင်းတဲ့ ဘဏ်မန်နေဂျာ ဘဝကို စွန့်လွှတ်ပြီး လယ်သမားဘဝကို ရွေးချယ်ခဲ့သူ

Posted on

လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဘ၀ ရပ်တည် ခံယူ ချက်ခြင်း က မ တူ ပါဘူး။တစ်ချို့ က ဘဝမှာ ငွေ နဲ့ စည်းစိမ် ချမ်းသာ က အ ရေးအကြီးဆုံးလို့ ခံယူ ထား တာ ရှိသလို တစ်ချို့ က တော့ စိတ်ချမ်းသာမှု က သာ အ ကောင်းဆုံးလို့ ခံယူ ထားတဲ့ သူတွေ လည်း အများကြီးရှိပါတယ်။စာဖတ်သူတွေ အတွက် ငွေ ကြေး ဂုဏ် ဒြပ် ထက် စိတ်ချမ်းသာမှုကို ရွေးခဲ့တဲ့ အမျိုးသား တစ်ယောက်ရဲ့ အ ကြောင်းကို ဝေမျှ ပေး ချင်ပါတယ်။သူက တော့ လစာ ကောင်းတဲ့ ဘဏ် မန် နေဂျာ ဘဝကို စွန့်ပြီး လယ်သမား ဘဝကို ရွေးချယ်ခဲ့တာပါ။ဒီအ ကြောင်းကိုတော့ Says မှာ ဖော်ပြ ထားတာပါ။သူ့နာ မည် က တော့ Kenny Soon We Hong ပါ။(၂၀၁၂)ခုနှစ်မှာတော့ သူလက်ရှိ လုပ် နေတဲ့ ဘဏ် နေဂျာ ဘဝကို စွန့်ပြီး သူငယ်ငယ်တည်းက ဖြစ်ချင် ခဲ့တဲ့ အိမ် မက်ကို အ ကောင်အထည် ဖော်ခဲ့တာပါ။ငယ်ငယ်တည်းက လယ်သမား ဘ၀ နဲ့ ဘဝကို အေး အေး ဆေးဆေး ရိုးရိုးရှင်းရှင်း ဖြတ်သန်း ချင်တာက သူ့အိမ် မက်ပါ။

အသက် (၃၈)နှစ်ရှိနေတဲ့ အဲ့ဒီအမျိုးသား ကတော့ ငယ်ငယ်တည်းက မြေ ဝယ်မယ်၊အိမ် သေးသေး လေး ဆောက်မယ်၊ပြီးရင် မိသားစု အတွက် အသီးအရွက်တွေ ၊သစ်သီး တွေ စိုက် မယ်. အဲ့ဒီလို အိမ်မက် မျိုး သူ့မှာရှိတယ်လို့ ဆိုပါတယ်။ဒါပေ မယ့် လည်း ငွေ နဲ့ ဘ၀ အ တွက် အတွေ့ အကြုံ တွေ ကို လိုချင်တာ ကြောင့် ဝန်ထမ်းတစ်ယောက် အဖြစ် နဲ့ လုပ် ကိုင်ခဲ့တာလို့ ပြောပါတယ်။“ကျ တော်လည်း အများနည်း တူ ပုံမှန် လမ်းစဉ်ကို လိုက်တယ်။တက္ကသိုလ် တက် တယ်၊ပြီးတော့ အလုပ်ရှာတယ်။ ဘဏ် မှာ လုပ်တယ်၊ခဏ လေး အတွင်းမှာပဲ မန် နေဂျာ ရာထူး တိုးတယ်..” လို့ ပြောခဲ့ပါတယ်။ကျ တော့် အိမ်မက်ကို ခဏ မေ့ နေလိုက်မိတယ်..”။အသက် (၃၀)ရောက်ချိန်မှာတော့ အလုပ် ထွက်လိုက်ပါတယ်။ကိုယ်ပိုင် လယ် လုပ် ငန်း ကို လုပ်ကိုင်ခဲ့ပါတယ်။ဇနီးဖြစ်သူက လည်း အစိုးရ ကျောင်းဆရာမ မို့ သူ့ အိမ် မက် တွေကို တစ်ဖက် တလမ်းက နေ ကူညီ ဖြည့် ဆည်း ပေးနိုင်ခဲ့ပါတယ်။

စိုက်ပျိုး ရေး သင် တန်း တွေကိုပါ သေချာ တက်ရောက် ၊စိုက်ပျိုးရေး လောက က စီနီယာ တွေကို တပည့် ခံခဲ့ပြီး လေ့လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ (၈)နှစ်အကြာမှာတော့ သူ့ အိမ် မက် တွေ အ ကောင် အ ထည် ပေါ် လာခဲ့ပါတယ်။ မ လေးရှားနိုင်ငံ Muar မြို့မှာမြေ ကွက် ဝယ်ပြီး ငှက် ပျော၊အုန်းပင် တွေကို စိုက်ခဲ့ပါတယ်။ငှက် ပျော ဆိုရင် အပင် (၂)ထောင်၊အုန်းဆိုရင် (၄၅၀)၊ ဆိတ် အ ကောင် (၁၅၀)၊ကြက်နဲ့ ဘဲ တစ်ရာ စီ မွေး ခဲ့ပါတယ်။တခြား အပင် တွေ အ နေနဲ့ ဆိုရင် ငရုတ်သီးပင်၊ ကစွန်းဥ၊သရက်၊သ င်္ဘော၊နာနတ် သီး..အစရှိတဲ့ အပင်မျိုးစုံကိုလည်း ခြံထဲမှာ စိုက်ထားပါတယ်။လက်ရှိ မှာ တော့ ခြံကို သူ့ အ ဖေ၊ တခြား အလုပ်သမားနှစ်ယောက်နဲ့ အတူ ကြီးကြပ် နေပါတယ်။

“လက်ရှိ ကျ တော့်ဘဝကို ပိုပျော်၊ပို ကျေနပ်တယ်။ကျ တော့် မိသားစုကို အချစ်တွေ ပေးလို့ ရတယ်၊မိသားစုနဲ့ ပိုပြီး အတူ နေလို့ ရတယ်၊သဘာဝ တရားကြီးနဲ့ ပိုပြီး ထိ တွေ့ ရတယ်..” လို့ ပြောခဲ့ပါတယ်။အရင် ဝန်ထမ်းဘဝမှာတုန်းက မလိုအပ်တဲ့ ဖျော် ဖြေ မှုတွေ၊သောက်တာ စားတာတွေ ရှိခဲ့ပေမယ့် အခုတော့ အဲ့ဒါ မျိုး မရှိတော့ဘူး လို့ ဆိုပါတယ်။ သူများဝန်ထမ်း ဘဝကို ပိုပြီး ဂုဏ် ရှိတယ်၊လယ်သမား အလုပ် ကို နိမ့်ကျ တယ်လို့ ထင် နေကြတဲ့ လူတွေရဲ့ အမြင် နဲ့ ပတ်သက်ပြီး လည်း အခုလို ပြော ခဲ့ပါတယ်။” လယ်သမား အလုပ်က နိမ့်ကျတယ် ထင် နေတဲ့ စိတ်တွေ ပြောင်းလဲ ဖို့ ကျ တော် ဆန္ဒပြုပါတယ်..” လို့ ပဲ ရိုးရိုးရှင်းရှင်း ပြောခဲ့ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *