လတ်တလောအပြိုင်ဖြစ်နေတဲ့ ကိုရီးယားဇာတ်လမ်းတွဲ (၂) ခုရဲ့ မညီမျှတဲ့ ကြည်ရှုသူနှုန်း

Posted on

လတ်တလော တောင်ကိုရီးယားဇာတ်လမ်းတွဲပရိသတ်တွေကြားမှာ အပြိုင်ဖြစ်ပြီး ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲနှစ်ခုရှိပါတယ်။ အဲဒါကတော့ The World of the Married နဲ့ ကြယ်ပွင့်မင်းသား Lee Min Ho ရဲ့ The King: Eternal Monarch တို့ပါပဲ။The World of the Married ကတော့ အပိုင်း (၁၀) အထိ ပြီးဆုံးသွားပြီဖြစ်ပြီး တစ်ပိုင်းနဲ့ တစ်ပိုင်းက စံချိန်မြင့်သထက်မြင့်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီဇာတ်လမ်းတွဲရဲ့ ကြည့်ရှုသူနှုန်းကလည်း တစ်ပိုင်းထက် တစ်ပိုင်းမြင့်တက်လာတာကို တွေ့ရမှာပါ။

အပိုင်း (၁၀) မှာဆိုရင် Nationwide (၂၂.၉၁၃) အထိ ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနှုန်းထားအတိုင်းသာဆိုရင် Sky Castle ဇာတ်လမ်းတွဲကိုကျော်ဖြတ်ပြီး JTBC သမိုင်းတစ်လျှောက် ကြည့်ရှုသူအများဆုံး ဇာတ်လမ်းတွဲအဖြစ် စံချိန်တင်နိုင်တော့မှာပါ။

ဒါပေမဲ့ တစ်ဘက်မှာတော့ ကြယ်ပွင့်မင်းသား Lee Min Ho ရဲ့ The King ဇာတ်လမ်းတွဲက ကြည့်ရှုသူနည်းပါးနေပြီး အပိုင်း (၄) မှာဆိုရင် Nationwide (၉.၇) ရာခိုင်နှုန်းအထိ ပြန်ဆင်းသွားခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် ဇာတ်လမ်းတွဲပရိသတ်တွေဟာ လတ်တလော The King ထက် The World of the Married ကို စိတ်ဝင်စားနေတယ်လို့ ဆိုရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *