လန်ဒန်ရောက် စင်ကာပူကျောင်းသားတစ်ဦး Coronavirus နဲ့ပတ်သတ်ပြီး ခွဲခြားဆက်ဆံ တိုက်ခိုက်ခံရ

Posted on

လန်ဒန်ရောက်စင်ကာပူနိုင်ငံသား ကျောင်းသားတစ်ဦးဟာ လမ်းသွားလမ်းလာတချို့ရဲ့ အနိုင်ကျင့် တိုက်ခိုက်ခြင်းကိုခံရတယ်လို့ သတင်းပို့လာပါတယ်။ တိုက်ခိုက်ခံရမှုဟာ လူမျိုးရေးခွဲခြားခြင်း နဲ့ Coronavirus ပေါ်မူတတည် ပြီးဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂျွန်နသန်ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အောက်စဖို့ လမ်းမအတိုင်းလမ်းလျောက်နေခဲ့တာပါ။ ထိုအချိန် လူမျိုးရေးခွဲခြားတဲ့ စကားအသုံးအနှုန်းနဲ့ လက်တလော ပျံ့နှံ့နေတဲ့ ရောဂါအကြောင်းပါဝင်တဲ့ စကားတချို့ကြားခဲ့ရပါတယ်။ သူကလည်း ဥရောပရောက်အာရှသားတွေ မကြာခဏ အနိုင်ကျင့်ခံနေရတာကို မခံချင်တာကြောင့် သူတို့စကားတွေကို လျစ်လျူမရှူပဲ ပြန်လှည့်ကြည့်ခဲ့ပါတယ်။ ” ကျွန်တော်တို့ဟာ အာရှသားဖြစ်ယုံနဲ့ ပစ်မှတ်ထားခံရကောလား ဗျာ။ တော်တော်ဆိုးပါတယ် ” လို့လည်းသူကပြောခဲ့ပါတယ်။

သူဟာ လန်ဒန်ကိုရောက်ရှိနေတာ နှစ်နှစ်နီးပါးရှိပြီးဖြစ်ကာ UCL မှာ ကျောင်းတက်နေတာပါ။ ဒါပေမဲ့ ပီးခဲ့တဲ့ နွေကျောင်းပိတ်ရက်မှာ အမိမြေ စင်ကာပူကို ပြန်ခဲ့ပါတယ်။” မင်းက လှည့်ကြည့်ရဲတယ်ပေါ့ ဟုတ်လား ….. မင်း သူလှည့်ကြည့်လိုက်ချိန်မှာ အနိုင်ကျင့်သူတွေထဲမှ တစ်ဦးက ” မင်းက လှည့်ကြည့်ရဲတယ်ပေါ့ ဟုတ်လား ….. မင်း ……” ဆိုတာ ပဲကျွန်တော်ကြားလိုက်တာ ။ နောက်က စကားလုံးကို ကျွန်တော်သေချာမကြားလိုက်ဘူးလို့လည်း သူကပြောပါတယ်။ သူသတိထားမိတာကတော့ သူ့နဲ့ရွယ်တူ လောက်ရှိတဲ့ သူ့ထက် ခေါင်းတစ်လုံးသာတဲ့ ကောင်လေးသုံးလေးယောက်နဲ့ ကောင်မလေးတစ်ယောက် ကို တွေ့ခဲ့ရပါတယ်တဲ့။ တချိန်တည်းမှာပဲ မျက်နှာကို နှစ်ချက်အထိုးခံရပြီး တခြားတစ်ယောက်က ကန်ဖို့လုပ်ပါတယ်။ သူဟာ အခြားသော လမ်းသွားလမ်းလာတွေကို အကူအညီတောင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ အနိုင်ကျင့် သူတွေက ” ငါတို့ဆီကို မင်းဆီက Virus တွေသယ်မလာနဲ့ဆိုပြီး ထက်ထိုးပါတယ်။ ကျွန်တော် နှာခေါင်းကသွေးတွေစထွက်လာပြီ လူသွားလမ်းပေါ်ကိုပါ စီးကျပါတယ်။ ” လို့လည်း သူက ပြောပါတယ်။

ခဏအကြာမှာတော့ ရဲတွေရောက်လာတဲ့အတွက် သူတို့ထွက်ပြေးသွားကြပါတယ်။ ရဲတွေကလည်း အနီးအနားက CCTV မှတ်တမ်းကို ကြည့်ပြီး တရားခံတွေကို ဖမ်းဖို့လုပ်နေပါတယ်။ ဖြစ်စဉ်ဟာ ည ၉နာရီ ၁၅မှာဖြစ်သွားတာပါ။ CNA ရဲ့ဆက်သွယ်မေးမြန်းချက်မှာတော့ သူတို့အစွမ်းကုန်ကြိုးစားနေကြောင့် မျက်မြင်သက်သေတွေကို ရှေ့ထွက်ပြီး ကူညီပေးဖို့လည်း တောင်းဆိုထားပါတယ်။ စင်ကာပူကျောင်းသားလေးကတော့ ” သူတို့က လူများတာရယ် ကျွန်တော့်ထက်အရပ်အားဖြင့် ပိုရှည်နေကြတော့ ပြန်လည်တိုက်ခိုက်ဖို့မဖြစ်နိုင်ပါဘူး။ ဥရောပမှာ မဆန်းကြယ်တော့ပါဘူး။ Coronavirus စတင်ပျံ့ပွားပြီး ကျွန်တော့်ကို အခြားဥရောပနိုင်ငံတစ်ခုမှာ ဆိုင်ထဲမဝင်ခဲ့ဖို့တောင် ဆိုင်ရှင်က ပြောတာခံခဲ့ရဘူးပါတယ်လို့ သူက ပြောခဲ့ပါသေးတယ်။” ကျွန်တော်သူတို့ကိုမကြောက်ပါဘူး။ ကြောက်နေတယ်လို့လည်း အထင်မခံနိုင်ဘူး” လို့ အဆုံးသတ်မှာပြောခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *