လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးလိုက်တဲ့ ZAYN MALIK နဲ့ GIGI HADID

အားလုံး အားကျခဲ့ရတဲ့ စုံတွဲလေးပါ။

လိုက်ဖက်ညီလွန်းလှတဲ့ ဇေးမောလစ်ခ် (Zayn Malik) နဲ့ ဂျီဂျီဟက်ဒီး (Gigi Hadid) တို့ စုံတွဲလေးဟာ ၂ နှစ်ကျော်ကြာ ချစ်သူတွေဖြစ်ပြီးတဲ့နောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မတ်လ ၁၄ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။သူတို့နှစ်ဦး လမ်းခွဲလိုက်ကြောင်းကို 1D အဆိုတော်ဟောင်း ဇေးက တွစ်တာကနေ အတည်ပြုခဲ့ပါတယ်။

“ဂျီဂျီနဲ့ ကျွန်တော်တို့ဟာ အဓိပ္ပာယ်ရှိသော ချစ်စရာ ပျော်စရာကောင်းသော ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဂျီဂျီ့အပေါ် အမျိုးသမီးတစ်ယောက် မိတ်ဆွေတစ်ယောက်အနေနဲ့ ကျွန်တော် အရမ်းလေးစား မြတ်နိုးပါတယ်။ သူဟာ စိတ်သဘောထား အရမ်းကောင်းတဲ့သူပါ။ ခက်ခဲလှတဲ့ ဒီဆုံးဖြတ်ချက်ကို လေးစားပေးတဲ့ ပရိသတ်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီသတင်းကို ကျွန်တော်တို့ဆီက အရင်ကြားသိရတယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကို ကျွန်တော်တို့ချစ်ပါတယ်” လို့ ဇေးက တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျီဂျီကလည်း တွစ်တာမှာ စာရေးသားပြီး သူတို့နှစ်ဦး လမ်းခွဲလိုက်ကြောင်း အတည်ပြုလိုက်ပါတယ်။

“လမ်းခွဲကြောင်း ထုတ်ပြန်ချက်တွေဟာ တခါတလေမှာ ခံစားချက် ကင်းမဲ့တယ်လို့ ထင်ရတယ်။ လို့လဲဆိုတော့ ဆက်ဆံရေးမှာသာမက

ဘဝထဲအထိ နှစ်အနည်းငယ်ကြာခဲ့တဲ့ လူနှစ်ဦးရဲ့ အကြောင်းအရာတွေကို စကားလုံးတွေနဲ့ ဖော်ပြဖို့ မဖြစ်နိုင်လို့ပါ။ Z နဲ့ ကျွန်မ အတူရရှိခဲ့တဲ့ အချစ်၊ အချိန်နဲ့ ဘဝသင်ခန်းစာတွေအတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ သူ့အတွက်အကောင်းဆုံးတွေကို ကျွန်မမျှော်လင့်ပါတယ်။ သူ့ကို ကျွန်မ အရမ်းလေးစားရတဲ့၊ ချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဆက်လက် အားပေးသွားမယ်။ အနာဂတ်အတွက်ကတော့ ဖြစ်ရမယ့်အရာတွေ ဖြစ်လာပါလိမ့်မယ်” လို့ ဂျီဂျီကလည်း ရေးသားပြီး ဇေးရဲ့ ပို့စ်နဲ့ အချိန် ၁၂ မိနစ်သာ ခြားပြီး တွစ်တာမှာ တင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ချစ်သူတွေစဖြစ်လာတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက တစ်နေ့ထက်တစ်နေ့ ပိုမိုခိုင်မြဲလာတယ်လို့ ထင်ခဲ့ရပြီး အခုလို ရုတ်တရက်လမ်းခွဲလိုက်ခြင်းက အားလုံးကို အံ့အားသင့်စေပါတယ်။

Source : Mirror

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *