ပရိသတ်ကြီးရေ ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့မီးဘေးကတော့ တကယ်ကိုကြောက်ဖို့ကောင်းမှန်း ခံစားဖူးသူတွေသိကြမှာပါနော်။ စည်းစိမ်ပြုတ်အောင် လုပ်နိုင်သလို လူ့အသက်အန္တရာယ်ပါထိခိုက်နိုင်တာမို့ မီးဘေးရှောင်မလောင်ခင်တား ဆိုတဲ့ဆောင်ပုဒ်လေးအတိုင်း ကြိုတင်ကာကွယ်နိုင်မှ တန်ကာကြမှာ အမှန်ပါပဲ။
မနေ့က ရန်ကုန်မြို့ရဲ့လူဦးရေထူထပ်တဲ့နေရာတွေထဲက တစ်ခုဖြစ်တဲ့ တာမွေမြို့နယ်မှာ မီးအကြီးအကျယ်လောင်ခဲ့တာတော့ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါနော်။ ဒီမီးလောင်မှုကတော့ အနုပညာရှင်တစ်ယောက်ဖြစ်သူ လင်းဇာနည်ဇော်တို့ရဲ့လမ်းထိပ်မှာတင်ဖြစ်ပြီး မီးလောင်မှုကြောင့် ဒူးတုန်အောင်ကြောက်ခဲ့ရကြောင်းကို လင်းဇာနည်ဇော်က မျှဝေခဲ့ပါတယ်။ “မီးသတ်ကားသံကြားရင် ဘယ်မှာလောင်နေမှန်းမသိ အသံနဲ့တင်ဒူးတွေချောင်းပြီး ဘာလုပ်ရမှန်းမသိအောင်ကြောက်နေတတ်တဲ့သူ ဒီနေ့ကိုယ့်လမ်းထိပ်မှာမီးလောင်တာတဲ့ စဉ်းစားသာကြည့်လိုက်တော့ မီးခိုးတွေကအလုံးလိုက် မီးသတ်ကားသံတွေကအဆက်မပြတ်..အနီးကပ်.. တုန်နေတဲ့ဒူး၊ ပြားပန်းခတ်နေတဲ့စိတ် မနည်းငြိမ်အောင်ထိန်း အရေးကြီးတာလောက်ယူ အကယ်၍ကားလမ်းပိတ်မိသွားရင်…အမေဘယ်လိုမှပြေးနိုင်မှာမဟုတ်ဘူးလေ… အမေ့ကိုစိတ်ချရတဲ့နေရာပို့ပြီး အိမ်ဖက်ပြန်လာတော့မီးကတော်တော်… ငြိမ်းစပြုပြီ မီးသတ်ဝန်ထမ်းတွေကတော့ အလုပ်ရှုပ်နေစဲ” ဆိုပြီး သူ့ရဲ့အတွေ့အကြုံလေးကို မျှဝေခဲ့ပါတယ်။
ဒါ့အပြင် လူအများရဲ့အသက် အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ပေးခဲ့တဲ့ မီးသတ်ဝန်ထမ်းတွေ ကျန်းမာချမ်းသာကြစေဖို့ ဆုတောင်းပေးခဲ့ပြီး ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ရေးသားမျှဝေခဲ့ပါတယ်။ မီးသတ်ကားသံကြားရင်တောင် အရမ်းကြောက်တတ်တဲ့မလင်းတစ်ယောက် မနေ့က လမ်းထိပ်မှာတင် နီးနီးကပ်ကပ်လောင်ခဲ့တဲ့ မီးကြောင့် ဒူးတုန်အောင်ကြောက်ခဲ့ရတဲ့ သူ့ရဲ့အတွေ့အကြုံလေးကို မျှဝေပေးလိုက်ပါတယ်နော်။