လိုအပ်ချိန်မှာ လိုအပ်တဲ့နေရာကို ထိထိရောက်ရောက်လှူ ဒါန်းခဲ့တဲ့ သိန်းတစ်သောင်းခွဲဆုရှင် မိသားစု

Posted on

မော်လမြိုင်မြို့ငန်းတေးရပ်နေ သိန်း(၁၅၀၀၀)ကံထူးရှင် မိသားစုမှ လူမှုကယ်ဆယ်ရေးအဖွဲ့ (၆)ဖွဲ့အား တဖွဲ့လျှင် အလှူငွေ(၁၅)သိန်း ကျပ်စီ လှူဒါန်းပေးခြင်းမော်လမြိုင်မြို့ ငန်းတေးရပ်ကွက် ငန်းတေးလမ်းမကြီးနေ (၇)ကြိမ်မြောက် အောင်ဘာလေထီ သိန်း (၁၅၀၀၀) ကံထူးရှင် မိသားစုဖြစ်သောဦးကျော်မျိုးဝင်း + ဒေါ်သီတာဝင်း မိသားစု ငန်းတေးလမ်းမကြီး မော်လမြိုင်မြို့မှ ရားအနေကဇာတင် နှင့် အိမ်သစ်တက် မင်္ဂလာအခမ်းအနား အထိမ်းအမှတ် အလှူအဖြစ် သံဃာတော် အရှင်သူမြတ်များအားဆွမ်းဝထ္တုငွေများ ကပ်လှူပြီး။

မော်လမြိုင်မြို့ပေါ်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များဖြစ်သော  – မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့
– အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – ကျိုက်ဖနဲ (၁၆)နယ်မြေ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – ရာမည အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – ရွှေတောင်လူငယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တို့အား တဖွဲ့လျှင် အလှူငွေ (၁၅)သိန်း (တစ်ဆယ့်ငါးသိန်း)ကျပ်စီ လှူဒါန်းပေးခဲ့ပါသည်။

အလှူရှင်မိသားစုဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ကပ်ရောဂါ ဘေးဘယာများအားလုံး ကင်းရှင်းကြပါစေ။ နောက်ထပ် ထီဆုကြီးများလဲ ထပ်မံပေါက်ပါစေကြောင်း မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆုမွန်ကောင်းများ တောင်းပေး လိုက်ပါသည်ခင်ဗျား။ မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့  09 784 784 199  09 785 785 199 09 260 144 199 057 2021640  ။

Leave a Reply

Your email address will not be published. Required fields are marked *