လီမင်ဟို နဲ့ ချစ်ကြိုက်နေတယ်လို့ သတင်းထွက်ခဲ့ဖူးတဲ့ ထိပ်တန်း အမျိုးသမီးအနုပညာရှင် (၆) ယောက်

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ဟာဆိုရင် သူ့ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းဝန်ခံတတ်သူဖြစ်သလို အမျိုးသမီးအနုပညာရှင်အတော်များများနဲ့လည်း ဒိတ်တင်းကောလဟာလသတင်းတွေ ထွက်ရှိခဲ့ဖူးသူဖြစ်ပါတယ်။

ါကြောင့် ဒီတစ်ခါမှာတော့ သူ့ရဲ့ အနုပညာသက်တမ်း ၁၇ နှစ်ကျော်အတွင်းမှာ သူနဲ့ချစ်ကြိုက်နေတယ်ဆိုတဲ့သတင်းတွေထွက်ရှိခဲ့ဖူးပြီး ပရိသတ်တွေအကြားမှာလည်း ရေပန်းအစားဆုံးနဲ့ စိတ်၉င်စားမှုအများဆုံးရရှိခဲ့တဲ့ အမျိုးသမီးအနုပညာရှင် (၆) ဦးကိုစုစည်းတင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

Goo Hye Sun

“Boy Over Flowers” ဇာတ်လမ်းတွဲထဲမှာတုန်းက မင်းသမီး Goo Hye Sun နဲ့အတူလိုက်ဖက်ညီစွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အဲဒီအချိန်တုန်းက ပရိသတ်တွေအတော်များများက သူတို့နှစ်ဦးကိုကြိုက်နေတယ်လို့ထင်ခဲ့ပြီး သတင်းတွေလွှင့်ခဲ့ပါသေးတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီသတင်းဟာ ပရိသတ်တွေရဲ့စိတ်ကူးယဉ်ဖန်တီးထားတဲ့သတင်းတစ်ခုသာဖြစ်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ မိတ်ဆွေတွေထက်မပိုခဲ့ကြပါဘူး။

Park Min Young

Lee Min Ho နဲ့ Park Min Young တို့ကတော့ “City Hunter” ဇာတ်လမ်းတွဲရိုက်ကူးပြီးနောက် ချစ်သူတွေအဖြစ်ကို ရောက်ရှိခဲ့ကြတာဖြစ်ကာ ဒီသတင်းကိုလည်းနှစ်ဘက်လုံးရဲ့ အေဂျင်စီတွေဘက်ကနေ အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ချစ်သူသက်တမ်း ၅ လအကြာမှာတော့ မအားလပ်တဲ့အလုပ်အချိန်ဇယားတွေကြောင့် နှစ်ယောက်သားရဲ့အချစ်ရေးကို အဆုံးသတ်လိုက်ကြပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

Bae Suzy

Lee Min Ho နဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့ အမျိုးသမီးအနုပညာရှင်တွေထဲမှာ လူစိတ်ဝင်စားမှုအများဆုံးနဲ့ ပရိသတ်တွေရဲ့သဘောတူညီမှုကိုရရှိခဲ့သူကတော့ Miss A ရဲ့ အဖွဲ့ဝင်ဟောင်း Suzy ပဲဖြစ်ပါတယ်။

တကယ့်ချစ်သူတွေအဖြစ်ကိုရောက်ရှိခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း ၃ နှစ်နီးပါးထိကြာမြင့်ခဲ့ကြပေမယ့် Lee Min Ho စစ်မှုထမ်းဆောင်နေတဲ့အချိန် ၂၀၁၇ ခုနှစ်မှာပဲ လမ်းခွဲလိုက်ကြပြီး အဲဒီသတင်းဟာဆိုရင် ပရိသတ်တွေအကြားမှာ အချိန်တစ်ခုကြာတဲ့အထိ လှုပ်ခတ်နေခဲ့ဖူးပါတယ်။

Park Shin Hye

Park Shin Hye နဲ့ Lee Min Ho တို့ကတော့ “The Heirs” ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဇာတ်လမ်းထဲမှာ သူတို့နှစ်ဦးရဲ့ပုံစံက လိုက်ဖက်ညီလွန်းလှတာမို့ ပရိသတ်တွေက သူတို့နှစ်ဦးကို ချစ်ကြိုက်နေတယ်လို့ ထင်ခဲ့ဖူးကြပါတယ်။

ါ့အပြင် သူတို့နှစ်ဦးဟာ အပြင်မှာလည်းရင်းနှီးလွန်းကြပြီး Lee Min Ho အနေနဲ့ သူ့ရဲ့မိခင်ဖြစ်သူကို မိတ်ဆက်ပေးတဲ့ ပထမဆုံးမိန်းကလေးက Park Shin Hye ဖြစ်တာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးအကြားမှာ မိတ်ဆွေထက်ပိုတဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

Kim Go Eun

မင်းသမီး Kim Go Eun နဲ့ကတော့ အခုနောက်ဆုံးရိုက်ကူးထားတဲ့ “The King : Eternal Monarch” ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ချစ်ကြိုက်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ရှိလာတာဖြစ်ပြီး ဒီနေ့အချိန်ထိလည်း သတင်းတွေက ထွက်ပေါ်နေဆဲပါ။

ဒီလိုမျိုးထွက်ပေါ်နေရတဲ့အကြောင်းကလည်း ရှိပါတယ်။ အဒါကတော့ Kim Go Eun က Lee Min Ho ရဲ့အင်စတာဂရမ်အကောင့်မှာ သူ့ရဲ့အမေကလွဲရင် ပါဝင်ဖူးတဲ့ ပထမဆုံးမိန်းကလေးဖြစ်ပြီး ပါဝင်တဲ့အကြိမ်ဟာလည်း တစ်ကြိမ်တည်းမဟုတ်ပါဘူး။ ဒါကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို သံသယရှိနေကြတာဖြစ်ပါတယ်။

Taylor Swift

ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Taylor Swift ဟာဆိုရင်လည်း Lee Min Ho နဲ့ ချစ်ကြိုက်နေတယ်လို့ သတင်းထွက်ခဲ့ဖူးတဲ့အမျိုးသမီးအနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။

ဘယ်လိုမှဆက်စပ်လို့မရတဲ့သူနှစ်ယောက်ရဲ့ဒီသတင်းဟာ ကောလဟာသတင်းတစ်ပုဒ်သာဖြစ်ခဲ့ပေမယ့်လည်းပရိသတ်တွေအကြားမှာ အတော်လေးကိုရေပန်းစားနေခဲ့တာကြောင့် Lee Min Ho ရဲ့ အေဂျင်စီဘက်ကနေ ဖြေရှင်းချက်ထုတ်ပေးခဲ့ရပါတယ်။

Ref : PinkVilla
Nemo – K Cele Voice

Leave a Reply

Your email address will not be published. Required fields are marked *