လူငယ်လူရွယ်တွေဟာလည်း Covid-19 အတွက် လူသားအရင်းအမြစ်ပျော့ကွက်တစ်ခုလား?

Posted on

ယခုအချိန်အထိ Covid-19 ကူးစက်ခံရသူနဲ့ သေဆုံးသူတွေရဲ့ အသက်အပိုင်းအခြားကိုလေ့လာကြည့်မယ်ဆိုရင် အသက်ကြီးလေလေ ရောဂါရဲ့ ထိုးနှက်မှုကို ပိုခံရလေလေဖြစ်ပါတယ်။ သို့ပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သင့်ရဲ့ငယ်ရွယ်နုပျိုမှုဟာ Covid-19 အတွက် အဟန့်အတားမဟုတ်ပါဘူးလို့ ထုတ်ပြန်ထားပြီးတာကို သင်လည်းသိရှိပြီးလောက်ပါပြီ။

၎င်းသတင်းနဲ့ ပတ်သတ်ပြီး အင်္ဂလန်က Dr. Rosena Allin-Khan က BBC ရဲ့မေးမြန်းမှုမှာ ” ရောဂါဟာ နာတာရှည်ရောဂါဝေဒနာရှင်နဲ့ သက်ကြီးရွယ်အိုတွေကိုပဲ အန္တရာယ်ဖြစ်စေတယ်လို့ မသတ်မှတ်ထားပါဘူး” လို့ပြောကြားခဲပါတယ်။ ဗြိတိန်ရဲ့ သေဆုံးမှုစာရင်းမှာ အသက် ၁၈ နှစ်အရွယ် ကျန်းမာရေးကောင်းတဲ့ လူငယ်တစ်ယောက်ပါဝင်ပါတယ်။ ဗြိတိန်နိုင်ငံအတွင်းသေဆုံးသူတွေထဲမှာ သူကအငယ်ဆုံးပါ။ ဒါ့အပြင် သူမကုသခဲ့တဲ့ အသက် ၃၀ ကနေ ၄၀ ကြား လူနာရှင်တွေဟာ ယခုဆို စိုးရိမ်အခြေအနေမှာ ရှိနေကြပါတယ် လို့လည်း ပြောပါတယ်။

 

ဒါဆိုရင် အသက်အပိုင်းအခြားအလိုက် အန္တရာယ်ပေးနိုင်မှုက ကွာခြားလား။ အသိသာဆုံးကတော့ လူကြီးနဲ့ နာတာရှည်ဝေဒနာသည်တွေပါ။ သူတို့တွေ Covid-19 ကူးစက်ခံရမှုနဲ့ ဆေးရုံရောက်လာပါက သေချာတာကတော့ အထူးကြပ်မတ်ကုသဆောင်တန်းပို့ရတာပါပဲ။ အသက် ၅၀ အောက်ပတ်ဝန်းကျင်မှာ တော့ ၅ရာခိုင်နှုန်းလောက်သာ ဆေးရုံကိုရောက်ရှိလာကြပြီး လူနာတွေရဲ့ ၂၄ ရာခိုင်နှုန်းလောက်က အသက် ၇၀ ကနေ ၇၉ ကြားဖြစ်နေပါတယ်။ အဲ့ဒီ ၅ ရာခိုင်နှုန်းဟာ အခြေအနေကောင်းသူတွေမဟုတ်ပါဘူး။အထူးကြပ်မတ်ကုသမှုလိုအပ်သူတွေပါ။ အသက် ၆၀ ပတ်ဝန်းကျင်တွေက ၂၇ ရာခိုင်နှုန်းနဲ့ အသက် ၇၀ ပတ်ဝန်းကျင် ရောဂါကျွမ်းတဲ့သူက ၄၃ ရာခိုင်နှုန်းပါ။ သိသာတဲ့သူတွေကတော အသက် ၈၀ အထက်ဖြစ်ပြီး ၇၁ ရာခိုင်နှုန်းလောက်ဖြစ်နေပါတယ်။ ဒါဟာ တရုတ်နဲ့ အီတလီရဲ့စာရင်းကို ကြည့်ပြီးတွက်ချက်ထားတာပါ။အမေရိကန်နိုင်ငံမှာတော့ ဆေးရုံမဖြစ်မနေတက်ရတဲ့သူတွေရဲ့ ထက်ဝက်လောက်က အသက် ၅၅နှစ်ပတ်ဝန်းကျင်တွေပါ။ အသည်းအသန်ဖြစ်တဲ့သူတွေကတော့ အသက် ၆၅ နှစ်အထက်တွေဖြစ်ပြီး ၈၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အသက်ငယ်သူတွေရဲ့ရာခိုင်နှုန်းဟာ နည်းနေပေမယ့် ပေါ့ဆလို့မရပါဘူး။ ကာကွယ်ရပါမယ်။ နောက်ပြီးသေဆုံးသူပါရှိနေတော့ Covid-19 ဟာ အသက်အပိုင်းအခြားမရွေးကို အလွယ်တကူ ကူးစက်ပျံ့ပွားမှုကို သိရှိနားလည်ပြီး သတိထားဖို့လိုပါတယ်။

အမေရိကန် အမျိုးသားကျန်းမာရေးနဲ့ ကူးစက်မှုထိန်းချုပ်ရေးစင်တာက အကြီးအကဲ Authony Fauci က “ ရောဂါက လူကြီးတွေ မှာ အဖြစ်များနေတာ ငြင်းလို့မရပါဘူး။ သို့သော်လည်း သင်္ချာပုံသေနည်းလို တွက်ထားလို့မရတာကို သဘောပေါက်ပါ။ ငယ်ရွယ်သူတွေလည်း ကိုယ်ခံအားနည်းနေရင် ရောဂါကို အပြင်းအထန်ခံစားရနိုင်တယ်ဆိုတာ သတိချပ်ပါ။ လူငယ်လူရွယ်မှ မဟုတ်ပါဘူး။ ကလေးသူငယ်တွေပါ ပါဝင်ပါတယ်” လို့ ပြောပါတယ်။” တရုတ်နိုင်ငံအတွင်း ကူးစက်ခံရသူ ၈ သောင်းကျော်မှာ ကလေးသူငယ် ၂၀၀၀ ကျော်ပါဝင်နေတာကိုမေ့ထားလို့မရပါဘူး။ သူတို့လေးတွေက ပိုပြီးနုနယ်ပါတယ်” လို့လည်း ထပ်ဆောင်းသတိပေးထားပါတယ်။ဥပမာ ပန်းနာရင်ကြပ်လို ရောဂါမျိုးက အသက်အရွယ်အပိုင်းအခြားမရွေးဖြစ်ပွားတတ်ပါတယ်။ ထိုသူတွေကို Covid-19 ကူးစက်ပါက စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။ ဗြိတိန်မှာ ပန်းနာရင်ကြပ်ရောဂါရှိသူ ၄.၃ မီလီယံရှိပါတယ်။ ဒါ့အပြင် ၂၀၁၃ စစ်တမ်းအရ အသက် ၂၅နှစ်ကနေ ၄၄နှစ်ကြားလူဦးရေရဲ့ ၂၁ ရာခိုင်နှုန်းဟာ နာတာရှည်ဖျားနာတာမျိုးကို မကြာခဏ ခံစားနေရပါတယ်။ အဲ့လိုလူတွေဆို ပိုလို့တောင်သတိထားရပါတယ်။ ဒါဟာ ကြောက်ဖို့မဟုတ်ပါဘူး။ သင်ရဲ့ ကျန်းမာရေးဟာ သင့်လက်ထဲမှာပါ။ အရက်သေစာ ရှောင်ရှားခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်းနဲ့ လေ့ကျင့်ပုံမှန်လုပ်ပေးခြင်းဟာ သင့်ကို ကိုယ်ခံအား ပိုမိုကောင်းမွန်စေမှာပါ။

သင်ဟာ ဒီအချက်တွေကို လိုက်နာခဲ့လို့ ရောဂါကူးစက်ခံရလျှင်မစိုးရရင်တောင် သင့်ပတ်ဝန်းကျင်က သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်ရှိပါတယ်။ အဓိက ကတော့မပေါ့ဆမိဖို့ပါ။ သင်မသိလိုက်ခင်မှာပဲ သင်ချစ်ရတဲ့ သက်ကြီးရွယ်အိုတွေကို ကူးစက်သွားနိုင်ပါတယ်။ အဖျားရောဂါထက် ကူးစက်မြန်တဲ့ Covid-19 ဟာ သင့်ထံမှတစ်ဆင့် အခြား လူ ၂ဦးကနေ ၃ ဦးလောက်ကို အသာလေးကူးဆက်သွားနိုင်တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အပြင်သွားခဲ့ရင်တောင် လူအများနဲ့မထိတွေ့မိအောင်ဂရုပြုပါ။ လက်မကြာခဏဆေးပေးပါ။ သင်ကစလို့ သင့်ပတ်ဝန်းကျင်ကို ကယ်တင်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *