လူလည်ဒေါ်နယ်ထရမ့်ကြီးရဲ့ လူစုံအောင်စောင့်ပြီးမှ အထုတ်ဖြေပြတဲ့အကွက်ဆန်း

Posted on

7 မိနစ်ကျော်ကြာတဲ့ trump ရဲ့ UN ညီလာခံမိန့်ခွန်းကိုကြည့်မိတယ်၊US ဟာ အခြားနိုင်ငံ 188 နည်းတူ covid ဒဏ်အလူလဲခံရပါတယ်တဲ့ /ဒါပေမဲ့ ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ရမည် ၊ ကာကွယ်ဆေး ၃မျိုးဟာ နောက်ဆုံးစမ်းသပ်အဆင့်ကို ရောက်နေပါပြီ။ ကျွန်ုပ်တို့ ဒါကို အများကြီးထုတ်လုပ်နေပါပြီ။ တကမ္ဘာလုံးကို ဖြန့်မှာပါ။ မကြာမီ ဗိုက်ရပ်ကို သုတ်သင်နိုင်တော့မှာပါ။

ဆက်ပြောသေးတာက မကြုံစဖူးသာယာဝပြော ငြိမ်းချမ်း ပီး အချင်းချင်းနားလည်ပူးပေါင်းမူရှိတဲ့ ခေတ်သစ်ရောက်လာတော့မယ် တဲ့။အဲဒီခေတ်သစ်ကို ရောက်ချင်သူတိုင်း နားလည်လက်ခံရမှာက ကာလနာကိုထုတ်လွှတ်တဲ့ တရုပ်ကို တာဝန်ယူခိုင်း ဝန် ခံခိုင်း ဖို့ပါ..တဲ့။ ပြီးတော့ ကုလသမ္မဂကိုလည်း တရုပ်ကို သူတို့လုပ်ရပ်အတွက် တာဝန်ယူခိုင်းဖို့ ပြောသွားသေးတယ်။

ပီးရင် ဆက်ပြောတာက US ဟာ တောင့်တင်းတဲ့ စစ်အင်အားနဲ့ အတူ ကမ္ဘာကြီးငြိမ်းချမ်းရေးကို တာဝန်ယူနေပါတယ် တဲ့သူတို့ဆီမှာ စိတ်တောင်မကူးဖူးသော..ဘယ်တုံးကမှမရှိဖူးသော ခေတ်ရှေ့ပြေး လက်နက်ဆန်းတွေပိုင်ဆိုင်ထားလို့ အမေရိကန်ဟာ အရင်ကထက် အဆမတန်အင်အားကြီးနေပါတယ် တဲ့ ဒါပေမဲ့ ဒီဟာတွေကိုမသုံးဖြစ်ဖို့ ဆုတောင်းနေပါတယ်တဲ့။တော်တော်လည်တဲ့ trump ကာလနာအတွက်တရုပ်က တာဝန်ယူပါ။ UN က တရုပ်ကို တာဝန်ယူခိုင်းပါ။ မယူရင် ဝိုင်းဆော်ဖို့ ဒဏ်ခံနေရတဲ့နိုင်ငံတွေပူပေါင်းကြရအောင် ၊ သူ့မှာ ဆေးရှိနေပြီ..ပူးပေါင်းသူအားလုံးဆေးရမယ် တရုပ်က ဝန်မခံ un က နှာစေးနေမယ်ဆိုရင် လက်နက်သစ်ထုပ်မသုံးရအောင် ဘုရားထံဆုတောင်းကြဆိုပဲ။

Leave a Reply

Your email address will not be published. Required fields are marked *