လူတွေ့မေ့နေကြတဲ့ ပန်းသည်ကလေးတွေကို သတိတရနဲ့ Mask နဲ့ Hand Gel တွေသွားလှူခဲ့တဲ့ အဆိုတော် Oasix

Posted on

လူငယ်ဆန်ဆန် သီချင်းတွေကို ဖန်တီးတတ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အဆိုတော် အိုအေစစ်ကိုတော့အားလုံးလည်း ရင်နှီးပြီးသား ဖြစ်လောက်မှာပါ။ အဆိုတော် အိုအေစစ် ကတော့ Rap သီချင်းစာသား အလန်းလေးတွေကို ရေးတတ်ပြီး သူ့ရဲ့ ထွက်လာသမျှ သီချင်းတိုင်းကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။အိုအေစစ် ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ကိုကြီးဆိုတဲ့ သီချင်းကလည်း ပရိသတ်တွေကြားမှာရော အွန်လိုင်းမှာရော် တော်တော်လေးကို ရေပန်းစားပြီး ပေါက်နေတာကြောင့်လည်း အိုအေစစ်ကတော့ နှုတ်ခမ်းနီမလေးတွေကြားမှာ ကိုကြီးဆိုပြီး ရေပန်းစားနေတာ ဖြစ်ပါတယ်။

နိုင်ငံကျော်အဆိုတော် Oasix ကတော့ အမှန်တကယ်လိုအပ်ပြီး လူတွေသတိမထားမိတဲ့ ပန်းရောင်းတဲ့ကလေးတွေကို သတိတရနဲ့ Mask နဲ့ Hand Gel တွေသွားလှူခဲ့တဲ့အကြောင်းကို “တစ်နေကုန် အပြင်မထွက်ဖြစ်ဘဲ ညရောက်တော့ ဒီကလေးတွေ တန်းသတိရသွားတယ်။ အဲဒါနဲ့ Mask တွေရယ်..Hand Gel တွေရယ် ရတဲ့ဆီကဝယ် လမ်း ၆၂x၃၅ ထောင့်ကကလေးတွေကို ဘယ်လိုပုံစံဂရုစိုက်ဖို့မှာ သတိထားဖို့ ပန်းရောင်းပြီးတိုင်း လက်ဆေးဖို့ မှာခဲ့တယ်။

နောက်ရက်လည်း တတ်နိုင်သလောက် Mask ရယ် Hand Gel ရယ် လှူဦးမယ်ခင်ဗျာ အတ္တမကြီးကြပါနဲ့ ကူညီကြပါ ဂရုစိုက်ကြပါ။ *p.s ပန်းတွေ အကုန်ဝယ်လိုက်ပါတယ် အိမ်ပြန်စေချင်လို့ပါ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် Oasix ကတော့ ၆၂×၃၅ လမ်းထောင့်က ပန်းရောင်းတဲ့ကလေးတွေကို Mask နဲ့ Hand Gel တွေသတိတရနဲ့ သွားလှူခဲ့ပြီး ဘယ်လိုပုံစံဂရုစိုက်ဖို့၊သတိထားဖို့ ပန်းရောင်းပြီးတိုင်း လက်ဆေးဖို့ မှာခဲ့ပါသေးတယ်တဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *