ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရပြီး ငတ်မွတ်ခေါင်းပါးပြီး ဆာလောင်နေသည့် လူဦးရေ ၂၆၅ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောကြားလိုက်သည်။ရာသီဥတုပြောင်းလဲခြင်း နှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများကြောင့် လူပေါင်း ၁၃၅ သန်းမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအေဂျင်စီနှင့် ဥရောပသမဂ္ဂမှယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လူအများအပြားမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရပြီး အာဖရိကနိုင်ငံများ၌ အပြင်းထန်ဆုံး ခံစားရမည်ဖြစ်ကြောင်း WFP ပြောကြားခဲ့သည်။ကမ္ဘာနိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အဆက်အသွယ်ဖြတ်တောက်ထားချိန်တွင် အလုပ် အကိုင်များကျဆင်းလာခဲ့ပြီးနောက် အလုပ်လက်မဲ့ဦးရေဟာ ယခုနှစ်အကုန်တွင် နှစ်ဆတိုးလာနိုင်ကြောင်း အဆိုပါအစီရင်ခံစာတွင် ပါရှိသည်
Covid-19 ကူးစက်ရောဂါ၏ စီးပွားရေးအကျိုးသက်ရောက်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အကြီးအကျယ်ထောက်ပံ့မှုကို တောင်းဆိုနေကြသည့် သန်းပေါင်းများစွာ၏ ရိုက်ခတ်မှုသည် ကြီးမားကြောင်း WFP ၏ စီးပွားရေးပညာရှင်ချုပ် အာရစ်ဟူစိန်က ပြောကြားလိုက်သည်။