လုံးတုံးတုံးပုတိုတိုနဲ့ Corgi လေးကို အမြဲတမ်းလှောင်လေ့ရှိတဲ့ ဘော်ဒါခွေးလေး

Posted on

Corgi ဆိုတဲ့ခွေးလေးတွေဟာ ခြေတံတိုတို လက်တံတိုတိုလေးနဲ့ ခွေးပုတိုလေးတွမဟုတ်လား။ နောက် Corgi လေးတွေရဲ့ ဖင်လုံးလုံးလေးနဲ့ ရမ်းတမ်းရမ်းလမ်းလမ်းလျှောက်တတ်လို့လည်း ခွေးချစ်သူတွေကြားထဲ နာမည်ကြီးနေတဲ့ကောင်လေးတွေပေါ့။

Corgi လေးတစ်ကောင်ကို အမြဲတမ်းလိုက်လှောင်နေတဲ့ခွေးလေးတစ်ကောင်ရှိတယ်။ နှစ်ယောက်သားက တစ်အိမ်ထဲမှာ အတူတူနေကြတဲ့ ဘော်ဒါနှစ်ကောင်ပါ။ နှစ်ကောင်လုံးကလည်း Instagram မှာ နာမည်ကြီးဆယ်လီတွေချည်းပဲတဲ့လေ။Corgi လေးနာမည်ကတော့ Tayto ဖြစ်ပြီး ဘော်ဒါခွေးလေးကတော့ Dustin ပါတဲ့။ Dustin ကတော့ Jack Russell နဲ့ pug အစပ်ပဲဖြစ်ပါတယ်။

Dustin တစ်ကောင် Tayto ကို လှောင်ပုံကတော့ဒီလို။ ပြောခဲ့တဲ့အတိုင်း Corgi လေးတွေက ခြေတံ လက်တံတိုတိုလေးတွေမဟုတ်လား။ ဒါကြောင့် Dustin ဟာ Tayto လေးပုံစံအတိုင်းပဲ ခြေထောက်ရော လက်တံရောကို ခေါက်ပြီး လမ်းလျှောက်ပြပြနေတာပါတဲ့။ဗီဒီယိုထဲမှာတွေ့တယ်မလား.. Dustin ရဲ့မျက်နှာကလည်း Tayto ကို စတဲ့အချိန်မှာ ချေမိုးနေတာပဲ။ Tayto ကတော့ သူ့ကို Dustin တစ်ယောက်လှောင်တာကို အမြဲတမ်းသည်းခံခဲ့ပေမယ့် တစ်ခါတစ်လေသည်းမခံနိုင်တဲ့အချိန်ဆိုရင်တော့ ပြန်ဟောင်ပါတဲ့လေ။ Dustin နဲ့ Tayto ရဲ့ ချစ်စဖွယ်ပုံလေးတွေကိုလည်း ရှုစားလိုက်ပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *