ပထမဆုံး လူကိုရိုနာဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိုးသမီးဟာ ၁၆နှစ်အရွယ်မှာ ကျောင်းကထွက်လိုက်တဲ့ စကော့လူမျိုး ဘတ်စ်ကားယာဉ်မောင်းရဲ့ သမီးဖြစ်တယ်လို့ ဆိုပါတယ်။ ဂျွန် အယ်လ်မဲဒါဟာ ဗိုင်းရပ်စ်ကို ပုံဖော်သူ ရှေ့ပြေးတစ်ယောက်ပဲဖြစ်ပြီး လက်ရှိကူးစက်ရောဂါကပ်ဘေး ကာလမှာတော့ သူမရဲ့ အလုပ်ကို ပြန်ပြီး အာရုံစိုက်လာကြပါတယ်။
Covid-19ဟာ ဗိုင်းရပ်စ်အသစ်ဆိုပေမယ့်လည်း ၁၉၆၄ခုနှစ်တုန်းက လန်ဒန် စိန့်သောမက်စ်ဆေးရုံကြီးရဲ့ ဓာတ်ခွဲခန်းမှာ ဒေါက်တာ အယ်လ်မဲဒါ ပထမဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားပဲ ဖြစ်ပါတယ်။် ဒီပိုးမွှားဗေဒပညာရှင်ဟာ ၁၉၃၀ခုနှစ်တုန်းက ဂျွန်ဟတ်မှာ မွေးဖွားခဲ့ပြီး ဂလပ်စ်ဂိုးရဲ့ အရှေ့မြောက်ဖက် အလက်ဇန်ဒရာ ပန်းခြံအနီးက အဆောက်အဦးတစ်ခုမှာ နေထိုင်ကြီးပြင်းခဲ့ပါတယ်။ a
သူမဟာ အတန်းပညာကို မဆိုစလောက်သာသင်ယူခဲ့ရပြီး ကျောင်းက ထွက်ခဲ့ရပေမယ့်လည်း Glasgow Royal Infirmary က ရောဂါဆိုင်ရာတစ်ရှူးဗေဒပညာရပ် ဓာတ်ခွဲခန်းပညာရှင်အနေနဲ့ အလုပ်ရလာခဲ့ပါတယ်။
နောက်ပိုင်းမှာ သူမရဲ့ ပညာရပ်နယ်ပယ်ကို ချဲ့ထွင်ဖို့အတွက် လန်ဒန်ကို ပြောင်းရွှေ့လာခဲ့ပြီး ၁၉၅၄မှာ ဗင်နီဇွဲလားပန်းချီဆရာ အင်းရစ် အယ်လ်မဲဒါနဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ ခန္ဓာကိုယ်ပရိုတင်းတွေကို အသုံးပြုပြီး ဗိုင်းရပ်စ်တွေကို စုစည်းစေခြင်းအာဖြင့် ဗိုင်းရပ်စ်တွေကို ပိုပြီး မြင်သာထင်ရှားလာစေတဲ့နည်းကို တီထွင်အသုံးပြုခဲ့သူပဲ ဖြစ်ပါတယ်။
Writer_ နေဇင်ထွန်း ( YGN Times )
Source : BBC