လှချင်လို့ အလှပြင်တာ ဘယ်သူ့စီးပွားရေးတုတ်နဲ့ထိုးနေလို့လဲလို့ ပြောလိုက်တဲ့ ခိုင်နှင်းဝေ

Posted on

အနုပညာလောကထဲမှာ အခြေချလာတာ ကြာပြီ ဖြစ်တဲ့ မင်းသမီး ခိုင်နှင်းဝေကိုတော့ ပရိသတ်တွေ အနေနဲ့ ခုနောက်ပိုင်းမှာ ပရဟိတလုပ်ငန်းတွေ ဆက်တိုက်လုပ်လာတာကြောင့် ပိုပြီးတော့ သတိထားမိလာကြမယ် ထင်ပါတယ်။ ခိုင်နှင်းဝေ ကတော့ လက်ရှိအချိန်မှာ ရုပ်ရှင်တွေ သိပ်မရိုက်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကတော့ ပိုလို့တောင် များပြားနေတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေ ကတော့ ချစ်စရာကောင်းပြီး အခက်အခဲ ဖြစ်နေတဲ့ ကလေးလေးတွေကို မိခင်ရင်းသဖွယ် မွေးစားထားပြီး လက်ရှိမှာတော့ ဂေဟာတခုတောင် ဖွင့်ထားပြီ ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ကတော့ ကလေးတွေ အပြင် ဒုက္ခရောက်နေတဲ့ သူတွေကိုလည်း အမြဲတမ်းကူညီ တတ်တဲ့သူလည်း ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ဒီလို ပရဟိတ လုပ်ငန်းတွေပဲ လုပ်နေရတာကြောင့် သူ့ကိုယ်သူ မင်းသမီးဆိုတာတောင် မေ့နေလို့ သတိရအောင်‌ ပြန်လုပ်နေရတယ်လို့ ရေးသားထားတာပါ ဒါ့အပြင် ခိုင်နှင်းဝေကတော့ သူ့အနေနဲ့ သူအလှပြင်တာကို ဝေဖန်သူတွေကိုလည်း ပညာသားပါပါ တုန့်ပြန်ထားပါသေးတယ်။ခိုင်နှင်းဝေကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ ” လှချင်လို့ အလှပြင်တယ် ဘယ်သူ့စီးပွါးရေး တုတ်နဲ့ထိုးနေလို့လဲ ကလေးတွေ အမေဖြစ်တော့ရော အလှပြင်လို့မရတော့ဘူးလား မင်းသမီးဆိုတာလေး ကိုယ့်ကိုကိုယ်မေ့မေ့နေလို့ သတိလေးပြန်ပြန် ဝင်ရတယ် ကလေးတွေပဲ အမြဲဦးစားပေးနေလို့ အိမ်ကအမေကို ပစ်ထားမိတာ ကိုယ်ပဲသိတယ်..မိဘဆိုတော့လဲ အမြဲခွင့်လွှတ်တယ်လေ ဒီနေ့ မေမေ့ကို နေ့လည်စာလေးကျွေးရင်း အေးဆေးခုမှပဲ သားအမ ၂ ယောက် စကားပြောဖြစ်တာ့တယ် ရွှန်းလေးအိပ်တုန်း ခိုးထွက်ရတဲ့ ဘဝပါ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ကတော့ သူ့အနေနဲ့ လှချင်လို့ အလှပြင်တာ ဘယ်သူ့ကိုမှ မထိခိုက်ဘူးလို့ ရေးသားထားတာပါ။ ဒီလိုဝေဖန်မှုတွေ ရှိနေပေမယ့်လည်း မင်းသမီး ခိုင်နှင်းဝေကိုတော့ အားပေးတဲ့သူတွေ အများအပြား ရှိပြီး ပရိသတ်တွေကလည်း သူ့ဖက်မှာ အခိုင်အမာရှိနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *