လွန်ခဲ့တဲ့(၁၃)နှစ်ထဲက လေဖြတ်ရောဂါခံစားနေရတဲ့ ဖခင်အကြောင်းကို ပြောပြလာတဲ့ Oasix

Posted on

Oasix ကိုတော့ အချစ်သီချင်းမြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပြီး “ကိုကြီး’’ ဆိုတဲ့ သီချင်းနဲ့ ပရိသတ်ကြားမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုရရှိခဲ့ပါသေးတယ်။သူကတော့ ကိုယ်တစ်ခြမ်းလေဖြတ်နေတဲ့ လူကြမ်းသရုပ်ဆောင် ဦးတင်မြင့်ကို ဖေ့စ်ဘွတ်ခ်မှာ တွေ့လိုက်ရတာကြောင့် ဦးတင့်မင့်တဲ့ ဖခင်ဖြစ်သူရဲ့အကြောင်းကို ပြောပြလာပါတယ်။

အဆိုတော် Oasix ရဲ့ ဖခင်ဖြစ်သူဟာ သူ(၉)တန်း (၂၀၀၇)ခုနှစ်လောက်ကတည်းက ယခုအချိန်လွန်ခဲ့တဲ့(၁၃)နှစ်ထဲက လေဖြတ်ရောဂါခံစားနေရတာဖြစ်ပါတယ်။ သူကတော့ သူငယ်ချင်းတွေရဲ့ အဖေတွေ သူတို့သားသမီးကို ဆုံးမတာ ဆူတာ စိတ်ပူတာ အလိုလိုက်တာတွေမြင်ရင် စိတ်အားငယ်ခဲ့ရပေမယ့် တက္ကသိုလ် စတက်တော့ သီချင်းဆိုရင်း မိဘကို ထောက်ပံ့လာနိုင်တာကြောင့် ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ အလုပ်အကျွေးပြုဖို့ မိဘနှစ်ပါးစလုံး သက်ရှိထင်ရှား ရှိနေသေးတာပဲဆိုပြီး ဖြေသာခဲ့ပါတယ်တဲ့။Oasix ရဲ့ဖခင်ဟာ လူကြမ်းသရုပ်ဆောင် ဦးတင်မြင့်လို့ စကားကောင်းကောင်းမပြောနိုင်တာကြောင့် မိသားစုနဲ့ ဆက်သွယ်ရင် Body Language ရယ် ဝူးဝူးဝါးဝါးပဲ ပြောလို့ရတာပါတဲ့။

ပရိသတ်ကြီးရေ Oasix ကတော့ ဖေဖေပုံ မတင်ဘူးလားတို့ ဖေဖေကျ မချစ်ဘူးလား လာလာမေးကြပါတဲ့ လူတစ်ချို့ကို တခါတလေ မမြင်ရတဲ့ မိသားစု ကိစ္စတွေကို မသိပဲ အပေါ်ယံနဲ့ လာလာ မဆုံးဖြတ်ကြပါနဲ့တဲ့။ အဆိုတော် Oasix ကတော့မိဘ(၂)ပါးကို တတ်နိုင်သမျှ စိတ်ချမ်းသာအောင် ထားခဲ့ပြီး ဒီထက်လည်း ပိုစိတ်ချမ်းသာစေချင်ပါတယ်တဲ့။

Leave a Reply

Your email address will not be published. Required fields are marked *