လှူတာ နည်းလို့ ဆိုပြီး ဝေဖန်ခံနေရတဲ့ တရုတ် အနုပညာရှင်တစ်ချို့

Posted on

Coronavirus ကာကွယ်ကု သ ရေးမှာ တော့ နိုင်ငံ အသီးသီးမှာရှိတဲ့ အနုပညာရှင်တွေ က သူတို့ နိုင်ငံ ၊ကမ္ဘာ့ နိုင်ငံ အသီးအသီးအတွက်ပါ တက်စွမ်းသမျှ ပါဝင် ကူညီပေးနေကြပါတယ်။ဒီတစ်ခါမှာတော့ တရုတ်အနုပညာရှင် ၊ဆယ်လီ တွေရဲ့ ကူညီပေးမှုတွေ ကို ဖော်ပြ ပေးချင်ပါတယ်။ယွမ် တစ်သန်းက US$140,000 ပါ။

Jay Chou

ထိုင်ဝမ် အဆိုတော်၊မင်းသား  Jay Chou နဲ့ သူ့ရဲ့ ဇနီး Hannah Quinlivan တို့ ကတော့ ၀ူဟန် အနီး ပတ်ဝန်းကျင်က Hubei ပြည်နယ်မှာ ရောဂါကို ခုခံ တွန်းလှန် နေတဲ့ ကျန်းမာရေးဝန်ထမ်း တွေ အတွက် ယွမ် ငွေ (၃)သန်း လှူခဲ့ပါတယ်။

Zhao Benshan

တရုတ်မင်းသားကြီး၊စီးပွားရေးလုပ်ငန်းရှင်ပါ။သာမန်လယ်သမား ဘ၀ ကနေ မှ လူချမ်းသာ တစ်ယောက် ဖြစ်လာ ခဲ့သူပါ။Coronavirus  ကာကွယ်ကုသ ရေးအတွက် ယွမ် ငွေ (၁၀)သန်း လှူဒါန်း ခဲ့ပါတယ်။ရောဂါ အစ ပြုတဲ့ ၀ူဟန် မြို့ အတွက် လှူခဲ့တာပါ။

Huang Xiaoming & Angelababy

 

View this post on Instagram

 

A post shared by Angelababy (@angelababyct) on

အရမ်းလိုက်ဖက်တဲ့ ဇနီးမောင်နှံ အဖြစ် အသိအမှတ်ပြု ခံထာူရတဲ့ သူတို့ နှစ်ယောက်ကတော့ China Siyuan Foundation အတွက် ယွမ် ငွေ (200,000 ) လှူခဲ့ကြပါတယ်။အလှူငွေ က Weibo မှာ ပေါက် ကြား ခဲ့ တာပါ။Huang Xiaoming တစ်ယောက်တည်းနဲ့တင်ပဲ ပိုင်ဆိုင်မှု ဒေါ်လာသန်း (၈၀) လောက်ရှိတာကြောင့် သူတို့ နှစ်ယောက် လှူတာ နည်းလို့ ဆိုပြီး ဝေဖန် မှု တွေနဲ့ ရင်ဆိုင် ခဲ့ ရပါတယ်။အဲ့ဒီလိုအွန်လိုင်းက နေ ပြောဆို မှု တွေ ကြောင့်  နောက်ပိုင်းမှာတော့ ယွမ် တစ်သန်း လှူခဲ့ပါတယ်။

ယွမ် (200,000 ) အလှူရှင်များ

ယွမ် (200,000 )  လှူခဲ့ ကြတဲ့ သူတွေ ကတော့ စန္ဒရားပညာရှင် Li Yundi ၊ဟာသ ပညာရှင် Wang Baoqiang ၊ မင်းသမီး Christy Yao Chen ၊တရု တ် မင်းသမီး အဆိုတော် Cecilia Cheung Pak-chi တို့ ပါ။ဒါ့အပြင် ..ထိုင်ဝမ်မင်းသမီး အဆိုတော်  Lin Chi-ling ၊ မင်းသမီး Li Bingbing ၊ Liu Yifei တို့ ကလည်း  ယွမ် (200,000 ) လှူခဲ့ကြပါတယ်။

လှူတာနည်းလို့  Liu Yifei  ဝေဖန် ခံနေရ

 

View this post on Instagram

 

🌹

A post shared by Liu Yifei (@yifei_cc) on

Liu Yifei ရဲ့ ဇာတိမွေးရပ်မြေကတော့ ၀ူဟန်ပါ။သူမရဲ့ မွေးရပ်မြေ ကနေ အစပြု ခဲ့တဲ့ ဒီရောဂါ ကာကွယ် ကု သ ရေး မှာ ဘာကြောင့် ယွမ် (200,000 ) ပဲ လှူရတာလဲဆိုပြီး ပြောဆို ဖေ၀န် ခံခဲ့ရပါတယ်။ ကြွယ်ဝ ချမ်းသာမှု အမေ ရိကန်ဒေါ်လာ (၁၀)သန်းလောက်ရှိသူရဲ့ အလှူငွေ က ဒီလောက်ပဲ လားဆိုပြီး ပြစ်တင်ခံခဲ့ရပါတယ်။

Chou Tzu-yu

Twice အဖွဲ့ဝင် ဖြစ်တဲ့ Chou Tzu-yu ကတော့  တောင်ကိုရီးယားကို ယွမ် (300,000) လှူခဲ့ပါတယ်။လိုအပ် တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ တဲ့ နေရာမှာ သုံးဖို့ လှူခဲ့တာပါ။ကိုရီးယားကို လှူတယ်ဆိုပြီး အပြော ခံ နေရတဲ့ အချိန်မှာပဲ Warm Current ဆိုတဲ့ တရုတ် လူမှု ရေး အဖွဲ့ ကနေ ယွမ် (၃)သိန်း လှူတဲ့ အတွက် ကျေး ဇူး တင် ကြောင်း weibo မှာ တင်လိုက်တဲ့ Post ကြောင့် ဝေဖန် ခံရတာ သက်သာ သွားခဲ့ပါတယ်။

အမိ မြေကို ပြန်လာကြတဲ့ အနုပညာရှင်နှစ်ယောက်

 

View this post on Instagram

 

@bellahadid @louisvuitton #louisvuitton @virgilabloh

A post shared by Galaxy Fanfan (@kriswu) on

တရုတ်မှာ မွေးတဲ့ က နေဒါ အဆိုတော် ၊မင်းသား Kris Wu Yifan ကတော့ ကနေ ဒါ က နေ မကြာ သေးခင်က ပြန်လာ ခဲ့ပါတယ်။Cai Xukun ကလည်း ကိုရီးယား မှာ ရောဂါ ကူးစက်မှုနှုန်း မြင့်လာချိန်မှာတော့ မွေးရပ် မြေ တရုတ် ကို ဒီလ အစောပိုင်းလောက်က ပြန်လာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by KUN (@caixukun) on

Source:scmp

Leave a Reply

Your email address will not be published. Required fields are marked *