ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်ဘုန်းလျှံကတော့ ထောင်ကထွက်လာပြီးကတည်းက ကောင်းတာ တွေ ဆက်တိုက်လုပ်ရင်း ဘဝကို အကောင်းဆုံးပြန်လည်တည်ဆောက်နေသူပါ။ ပရဟိတ လုပ် အားနဲ့လိုက်လံကူညီနေသလို ကိုယ်တိုင်လည်း တတ်အားသမျှ လိုအပ်နေတဲ့နေရာတွေကို ဆက် တိုက်လှူဒါန်းနေပါတယ်။
မကြာသေးခင်ကမှ ဒုက္ခရောက်နေတဲ့ လှည်းကူးမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာလည်း ဒုတိယအကြိမ်မြောက်ထပ်မံ သွားရောက်လှူဒါန်း ပေးခဲ့ပြန်ပါတယ် ပရိသတ်ကြီးရေ.. သူငယ်ချင်းတွေနဲ့အတူ စုပေါင်းအလှူလေးအဖြစ် ဆန်၊ဆီ၊ပဲ ၊ ကော်ဖီ၊ ကြာဇံထုတ်၊ ခေါက်ဆွဲထုတ်၊ ကြက်သွန်နီနဲ့ အခြားစားသောက်ကုန်တွေအပြင် ဗလာ စာအုပ်တွေကိုပါ လှူဒါန်းပေးခဲ့ပါတယ်။
အခုလို အရာရာခက်ခဲနေတဲ့ကာလကြီးမှာ သူတို့ရဲ့နေအိမ်တွေကို ပစ်ပြီး စစ်ဘေးရှောင်နေရ တဲ့သူတွေအဖို့တော့ အစစအရာရာက လိုအပ်နေတဲ့အရာတွေပဲမို့ ဒုတိယအကြိမ်မြောက် ထပ်မံ လှူဒါန်းပေးခဲ့တဲ့ ဘုန်းလျှံရဲ့ကြည်နူးဖွယ်ရာအလှူဗွီဒီယိုလေးကို ဖော်ပြရင်း ပရိသတ်ကြီးလည်း သွားရောက်လှူဒါန်းပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။