ဝင်ငွေမရှိပဲ ခက်ခဲနေရတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လာတဲ့ စိုင်းဆိုင်မောဝ် ရဲ့  ဇနီး ခေးလားမိုး

Posted on

သီချင်းကောင်း‌တွေ အများကြီးကို သီဆို‌ပေးခဲ့တဲ့ ရှမ်းအဆိုတော်ကြီး စိုင်းဆိုင်မောတ်ကိုတော့ တော်တော်များများလည်း ရင်းနှီးကြမယ်လို့ ထင်ပါတယ်။ အဆိုတော် စိုင်းဆိုင်မောဝ်ကတော့တချိန်က တကယ့်ကို ဒိတ်ဒိတ်ကြဲ အောင်မြင်မှု ရရှိခဲ့တဲ့အဆိုတော် တစ်ယောက်ဖြစ်တဲ့အပြင် သူဆိုလိုက်တဲ့ သီချင်းတိုင်းကလည်း ပရိသတ်တွေ လက်ခံအားပေးနေကြတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ စိုင်းဆိုင်မောဝ်တစ်ယောက် အသက်အရွယ်ကြောင့် နာမကျန်း မကြာခဏ ဖြစ်ပြီး တလောတုန်းကလည်း စိုးရိမ်ရတဲ့အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်နေချိန်မှာတော့ စိုင်းဆိုင်မောဝ် အနားမှာ ဇနီးဖြစ်သူ ခေးလားမိုး ကတော့ ပြုစုစောင့်ရှောက်နေပြီး မိန်းမသား တစ်ယောက် အနေနဲ့ အဆင်မပြေတာတွေကို ပြောကြားလားခဲ့တာ ဖြစ်ပါတယ်။

စိုင်းဆိုင်မောဝ်ရဲ့ ဇနီးဖြစ်သူ ခေးလားမိုးကတော့ “အိမ်ထောင်ရှင်မ လက်တွေ့ဘဝ ကိုယ့်ကိုကိုယ်တောင် မကျေမနပ်ဖြစ်မိတယ် ကျမကိုယ်ကျမထက် သူ့ကို ပိုသနားမိတယ် မှန်သောသစ္စာစကားပဲ Ensure strawberry အရင်က တဗူး 42000 အခု 39000 တစ်ပါတ်မခံဘူး ငှက်သိုက် မနက်6000 ည 6000 (မတိုက်ဖြစ်တဲ့အခါ သူ့မှာတကယ်ကို မလန်းဘူး) လိမ္မော်သီး အစစ်အရည်ညှစ် မနက်1500 ည1500 (မသောက်ရရင် ဝမ်းအခြေအနေ သိသိသာသာ ထိုင်ငိုနေရတာမျိုး) အခြားဖြည့်စွက်စာတွေ မပြောလိုတော့ဘူး အိတ်ထဲရှိတာကုန်ပေါ့ ကွေ့သယို ခေါက်ဆွဲဆိုင်လေးဆိုင်လေးလည်း ပီစိုင်း ဆေးရုံစတက်ကတည်းက မဖွင့်နိုင်ပဲပိတ်ထားတာကြာပြီဆိုတော့ ဝင်ငွေလည်း ဗလာ ရှိတာလေးရင်းပြီးမောင်လေးနဲ့ တစ်ယောက်တစ်ဝက် မိုးယံထီဆိုင်လေးဖွင့်ထားတာ ပြီးခဲ့တဲ့လက ထီဆိုင်က ဆိုင်ခန်းငှားခ အရောင်းစာရေးလစာနဲ့ ရောင်းမကောင်းတာနဲ့ တစ်သိန်းရှုံးတယ ရောဂါတွေ မကူးစက်အောင်လို့ခုတစ်လပိတ်ထားရတယ် လောလောဆယ်တော့ အမေနဲ့အမျိုးတွေက ကျွေးထားတယ် ယုံချင်ယုံ မယုံချင်နေပေါ့

လူတွေက ကျမ ငွေကြေး ချမ်းသာတယ်ထင်ကြတယ် မရှိကို အရှိ ဟန်မလုပ်တတ်ဘူး ရောဂါတွေ မြန်မြန်ကင်းပါစေ ဒါမှ အလုပ်ခွင်ပြန်ဝင်နိုင်ပြီး ကိုယ့်ကဲ့သို့သော အဆင်မပြေကြတဲ့ အခြားလူတွေလည်း ပြန်ပြီးအဆင်ပြေကြမှာ ပီစိုင်း နေကောင်းနေတာကိုပဲ ကျေးဇူးတင်ရမလို အခုနေများ နေမကောင်းထဖြစ်ရင်ဒုက္ခ အားလုံးပဲကျမ်းမာကြပါစေ ပီစိုင်း လည်းကျမ်းမာပါစေ ကျမ ချစ်ရတဲ့သူတွေလည်း ကျမ်းမာကြပါစေ ကပ်ရောဂါဆိုးကြီးလည်း အမြန်ဆုံး ချုပ်ငြိမ်း ပါစေတော့ကွယ် မှတ်ချက်။ ။အလှူငွေလိုမျိုး အဲလိုတွေလိုချင်လို့ တင်လိုက်တာမဟုတ်ရပါဘူးရှင် သီချင်းဖိုးတွေ ဖြတ်စားကြတဲ့သူတွေ မှန်မှန်ကန်ကန် တန်ရာတန်ကြေးမပေးချင်ကြတဲ့သူတွေ အိမ်တစ်အိမ်ရဲ့အမှန်ဖြစ်နေတာကို ကိုယ်ချင်းစာစိတ်ရှိစေချင်လို့ ပါ စေတနာထားပေးမှုများကို ချစ်ခင်လေးစားစွာဖြင့် ဂါရဝပြုပါတယ် ခေးလားမိုး” ဆိုပြီး သူမိန်းမသား တစ်ယောက်အနေနဲ့ ဒုက္ခရောက်ရတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ရေးသားပြောဆိုထားတာ ဖြစ်ပါတယ်။ တချိန်က အောင်မြင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ကျန်းမာရေး အ‌ခြေအနေအရ အဆင်မပြေဖြစ်နေတဲ့ အဆိုတော် စိုင်းဆိုင်မောဝ် အတွက် တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *