သင်္ကန်းကျွန်းမြို့နယ် မီးဘေးသင့်ပြည်သူတွေကို ကူညီ လှူဒါန်းခဲ့တဲ့ Sinon Loresca

Posted on

Sinon Loresca ကတော့ မြန်မာပရိသတ် အခိုင်အမာ ရထားတဲ့ ဖိလစ်ပိုင်လူမျိုးပါ။Gay မော်ဒယ် တစ်ယောက်ပါ။Catwalk King ဆိုပြီး လူသိများ ပါတယ်။

(၆) လက်မ ဒေါက် ဖိနပ်ကြီးကို စီးပြီး Catwalk လျှောက် တဲ့ ဗီဒီယိုဖိုင်တွေ ကို အွန်လိုင်းပေါ်မှာ တင်ရင်းနဲ့ လူသိများခဲ့တာပါ။ကမ္ဘာအနှံ့ က နိုင်ငံတွေ ကို လျှောက်သွားပြီး Catwalk လျှောက် တဲ့ သူရဲ့ လမ်းလျှောက်တဲ့ Skill ကတော့ ပရိသတ်တွေ လုံးဝ ရင်သပ်ရှုမော စေခဲ့ပါတယ်။

Sinon Loresca တစ်ယောက် မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လုပ်ရင်းနဲ့ အနေ များလာခဲ့ပါတယ်။ခဏ အလည်လာစဉ် အချိန် တုန်းကလည်း သူတက်နိုင်သမျှ လိုအပ်တဲ့ နေရာတွေမှာ လိုအပ် သလို လှူ ဒါန်းမှုတွေ ပြုလုပ် ပေးခဲ့ပါတယ်။အခုထိလည်း လိုအပ်တဲ့ နေရာတွေ ရှိရင် အ ရောက်သွား ပြီး လှူဒါန်း ခဲ့ပါတယ်။


မတ်လ (၁၃) ရက်နေ့မှာတော့ သူ့ရဲ့ အလှူတစ်ခုကို Fb မှာ တင်ထားပါတယ်။သင်္ကန်းကျွန်းမြို့နယ် က မီးဘေးသင့်သူတွေ ကို သူ တက်နိုင်သ လောက် သွား ရောက်လှူဒါန်းပေးခဲ့တာပါ။အလှူအမှတ်တရ ပုံတွေကိုတော့ Fb မှာ အခုလို တင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *