သဃ်န်းကျွန်း သုဝဏ္ဏမှာ ဘယ်ကကူးမှန်း မသိတဲ့အပြင် ဖျားပြီးရင်ကျပ်ရာကနေ ကိုဗစ် ပိုးတွေ့

Posted on

သြဂုတ်လ ၂၇ ရက်နေ့ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၁၆ ယောက်စာရင်းမှာ ရန်ကုန်က ၄ ယောက်ပါဝင်ပြီး၊ အဲထဲက သဃ်န်းကျွန်း သုဝဏ္ဏမှာ နေထိုင်သူတစ်ယောက်ဟာ ဘယ်ကကူးမှန်းမသိပဲ ဖျားပြီးရင်ကြပ်ရာကနေ ဓါတ်ခွဲနမူနာယူစစ်ဆေးရာမှ ကိုဗစ် ပိုးတွေ့ခဲ့တာဖြစ်ကြောင်း သဃ်န်းကျွန်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက ပြောပါတယ်။

“ဘယ်မှတော့ မသွားမလာထားဘူး။ ဖျားတယ်၊ ရင်နဲနဲကျပ်ရာကနေ ဆေးရုံသွားပြရင်းတွေ့တာ” ဟုပြောပါတယ်။သဃ်န်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက် ၊ ပေါ်ဆန်းမွှေးလမ်းမှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ကိုဗစ်လူနာအမှတ် (၅၉၅) အမျိုးသမီးနဲ့ထိတွေ့တဲ့ မိသားစုဝင် ၂၀ ကျော်လောက်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကပြောပါတယ်။

အဆိုပါ အမျိုးသမီးဟာ အဝတ်လျှော်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး သူမ နဲ့ ထိတွေ့သူတွေကို ကျန်းမာရေးဌာနက ဆက်လက်စုံစမ်းနေတယ်လို့ လတ်တလောသိရပါတယ်။မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၇ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၀၂ ယောက်ရှိပြီး၊ သြဂုတ်လ တတိယပတ်ကစတင်က ရခိုင်ပြည်နယ် စစ်တွေနဲ့ဆက်စပ်ပြီး ဒုတိယလှိုင်းအဖြစ် ကူးစက်မှု အရှိန်မြင့်လာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *