သင့်ကိုစားသွားနိုင်တဲ့ ကြောက်စရာ အသားစားပင် ( ၇ ) ပင်

များသောအားဖြင့်တော့ သစ်ပင်အကြောင်းပြောကြတဲအခါ ပန်းပွင့်တဲ့အပင် သာမန်သစ်ပင်တွေ ခြုံပုတ်တွေအကြောင်းပဲ တွေးမိကြမှာပါ ။ ဒါပေမယ့် ကမ္ဘာပေါ်က တချို့သောအပင်တွေကတော့ သူတို့အနားကို သက်ရှိတစ်ကောင်ရောက်လာတဲ့အခါမှာ သတ်ဖြတ်နိုင်စွမ်းရှိကြပါတယ် ။

အခု ကြောက်စရာကောင်းတဲ့အပင် ၇ ပင်အကြောင်းပြောပြတော့မှာပါ

၁. Venus Flytrap

အသားစားအပင်တွေအကြောင်းပြောရရင်တော့ အရင်ဆုံးတွေးမိတာက Venus Flytrap ပါပဲ… ဒီအပင်ကို တောင်နဲ့မြောက်ကာရိုလိုင်းနားမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သားကောင်တွေကို သူ့တို့ အရွက်တွေ(ပါးစပ်)ထဲဝင်လာတဲ့အချိန်ကို စောင့်နေကြတဲ့အပင်မျိုးဖြစ်ပါတယ် ။  အရွက်တွေဟာ စေးကပ်ပြီးတော့ သွားလိုမျိုးအချွန်တွေပါရှိတယ် ။ ။အင်းဆက်တစ်ကောင်လာနားတဲ့အခါမှာ အပင်ရဲ့ပါးစပ်ဟာပိတ်သွားပြီး  လူရဲ့အသားကိုတောင်ချေဖျက်နိုင်တဲ့ အစာချေအင်ဇိုင်းတွေထွက်ရှိလာပြီးတော့ သားကောင်ကို ချေဖျက်ပစ်လိုက်ပါတယ်လို့ အသားစားအပင်ပညာရှင် Barry Rice ကပြောကြားခဲ့ပါတယ် ။

၂. Nepenthes attenboroughii

၂၀၀၀ ပြည့်နှစ်မှာတွေ့ရှိခဲ့တဲ့ Nepenthes Attenboroughii ဆိုတဲ့အပင်ကတော့ တခြားအပင်တွေထက်တောင်အစားသောင်းကျန်းပါသေးတယ် ။ Venus Flytrap လိုမျိုး အင်းဆက်များနဲ့ပိုးမွှားများကို စားသုံးခြင်းမဟုတ်ပဲ ကြွက်နဲ့ ကြွက်လိုအကောင်မျိုးတွေကိုစားသုံးတဲ့အပင်မျိုးဖြစ်ပါတယ် ။ အိုးလေးတစ်ခုဖြစ်နေတဲ့အတွက် သူ့အတွက်လိုအပ်တဲ့ရေဓါတ်ကိုတော့ မိုးရေကရယူနိုင်ပါတယ် ။

၃. Dendrocnide excelsa

ဆူးခြုံကြီးပုံစံရှိတဲ့ ဒီအပင်ဟာလည်း အန္တရယ်ရှိတဲ့အမျိုးအစားထဲမှာပါပါတယ် ။ ဒီအပင်ဟာမြေလျောက်ပင်အမျိုးအစားဖြစ်ပြီးတော့ ခြုံတစ်ခုအနေနဲ့ဖွဲ့ပြီး ရှင်သန်ပါတယ် ။ ကြည့်ရတာတော့ အန္တရာယ်မရှိတဲ့ပုံပေါ်ပေမယ့် ဒီအပင်ကဆူးဟာ အရမ်းအဆိပ်ပြင်းလွန်းတဲ့အတွက် မြင်းတစ်ကောင်ကို သေစေနိုင်တဲ့အတွက်နာမည်ကျော်တဲ့အပင်တစ်ပင်ပါ ။

၎. Doll’s eyes

Actaea Pachypoda လို့ခေါ်တဲ့ အရုပ်မျက်လုံးပင်ကတော့ ဂျပန်သရဲကားတွေထဲက အကောင်းဆိုးဝါးလိုပုံပေါက်နေပေမယ့် တကယ့်တော့အမေရိကန်မှာ ရှိနေတာပါ ။ အဖြူရောင်အသီးတွေက အနက်ရောင်အရွက်လေးတစ်ရွက်ပဲထွက်နေတာကိုမြင်ရတာ ဘယ်လိုမှမထင်ရပေမယ့် မျက်လုံး ၁၀ လုံးလောက် ဒါမှမဟုတ် အပင်က တစ်ချို့တစ်ဝက်လောက်သင့်ကို စိုက်ကြည့်လာရင်တော့ သင်အိမ်မက်ဆိုးတွေမက်သွားနိုင်ပါတယ် ။ ဒီအပင်ဟာအဆိပ်ရှိတဲ့အပင်တစ်ပင်ဖြစ်တဲ့အတွက်လည်း သူ့ရဲ့မကောင်းဆိုဝါးဆန်တဲ့ပုံစံကိုပိုမိုပေါ်လွင်စေပါတယ် ။

၅. Drosera capensis

Keywords: Drosera;foto

Drosera Capensis ခေါ် Cape Sundew ဆိတဲု့အပင်ဟာလည်း အပင်ပုံစံရေဘဝဲတစ်ကောင် အစာအိမ်အပြင်ထုတ်ထားတဲ့ပုံသဏ္ဍာန်မျိုးရှိပါတယ်

၆. Strychnos nux-vomica

နာမည်ကိုကြားရုံနဲ့တင်အဆိပ်ရှိတဲ့အပင်ဖြစ်ကြောင်း သင်ခန့်မှန်းမိမှာပါ ။ ဒါပေမယ့် တချို့လူတွေဟာ ဒီအပင်ရဲ့အဆိပ်အကြောင်းကို သေချာလေ့လာနေကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ အဆိပ်နှစ်မျိုးပါဝင်တဲ့ အဆိပ်ဖြစ်နေလို့ပါပဲ ။

၇. Christmas Rose

Helleborus Niger ခေါ် ခရစ်စမတ်နှင်းဆီဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဆွေမျိုးတွေဆီက လက်ဆောင်မရတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ငိုသံကနေ ဖြစ်ပေါ်လာခဲ့တယ်လို့ ဒဏ္ဍာရီတွေအရသိထားရပါတယ် ။

Writer_Min Thu ( Daily Hot News )

Leave a Reply

Your email address will not be published. Required fields are marked *