သည်းထိတ်ရင်ဖိုဆယ်ဖီတွေ ရိုက်လေ့ရှိတဲ့စုံတွဲရဲ့ ကရိန်းပေါ်က ဗီဒီယိုရိုက်ချက်

ထိုင်းနိုင်ငံ၊ ပတ္တရားပင်လယ်ကမ်းခြေမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် ကရိန်းတစ်ခုပေါ်တက်ပြီး အန္တရာယ်များလှတဲ့ ဆယ်ဖီဗီဒီယိုရိုက်ခဲ့ကြတဲ့ ရုရှားစုံတွဲတစ်တွဲက ထိုင်းဘက်မှာ တော်တော် hot သွားခဲ့ပါတယ်။ ပတ္တရားပင်လယ်အော်ရဲ့ အလှနဲ့ ဆယ်ဖီရိုက်ချင်တာကြောင့် ဟိုးအမြင့်ထိတက်ပြီးကို စွန့်စားရိုက်ကူးခဲ့ကြဟန်တူပါတယ်။

၎င်းစုံတွဲဟာ Bali Hai ဆိပ်ခံတံတားနားရှိ အဆောက်အအုံဟောင်းတစ်ခုရဲ့ ထိပ်ပေါ်က ကရိန်းကြီးတစ်ခုပေါ်မှာ ဆယ်ဖီတက်ရိုက်ခဲ့ကြတာပါ။ သူတို့ဘယ်သူလဲဆိုတာ စုံစမ်းလိုက်ချိန်မှာတော့ ကမ္ဘာပတ်ပြီး အမြင့်တွေပေါ်မှာ သည်းထိတ်ရင်ဖိုဆယ်ဖီတွေ ရိုက်တင်နေကျဖြစ်တဲ့ Angela Nikolau နဲ့ Ivan Beerkus တို့ဖြစ်နေခဲ့ပါတယ်။

Angela ဟာ ကမ္ဘာပေါ်မှာ အစွန့်စားရဲဆုံးဆယ်ဖီကောင်မလေးတစ်ဦးဖြစ်ပြီး သူတို့နှစ်ဦးရဲ့ follower (၄)သောင်းကျော်တဲ့ Instagram အကောင့်မှာ အန္တရာယ်များတဲ့အမြင့်တွေပေါ်က ဆယ်ဖီတွေတင်လေ့ရှိပါတယ်။ သူတို့နှစ်ဦးရဲ့ ပေါ့ပါးဖျတ်လတ်ပုံပေါ်နေတဲ့ အကြောင်းရင်းကလည်း ယောဂသမားနဲ့ ကျွမ်းဘားသမားတို့ဖြစ်နေလို့ပါပဲ။

သူတို့နှစ်ယောက်ရဲ့ ဒီဆယ်ဖီဟာဆိုရင်လည်း နာမည်ကြီးပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့နှစ်ရဲ့ မတ်လက ပုံပါ။

ကရိန်းတွေပေါ်ကိုတော့ သူတို့ဘယ်လိုခွင့်ပြုချက်ယူပြီး တက်သလဲဆိုတာတော့ မသိကြသေးပါဘူး။ အောက်မှာ ပတ္တရားပင်လယ်အော်က သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးပါတယ်နော်။

White (Shwemom)

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *