“သတင်းအမှားတွေနဲ့ မှားယွင်းစရာလုပ်နေတဲ့လူတစ်ချို့ရဲ့ လုပ်ရပ်တွေကို သတိပေးစကားလေး ဆိုလိုက်တဲ့ချမ်းချမ်း”

Posted on

အဆိုတော် ချမ်းချမ်းဆိုတာနဲ့ “ တကယ်ဆိုရင် အချစ်ပဲလိုတယ်” သီချင်းလေးနဲ့ ပရိသတ်ကြီးလည်း တွဲမြင်မိမယ်ထင်ပါတယ်နော်..။ မော်ဒယ်လောကကနေ သူမတူတဲ့ အသံနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့ပြီး နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်လာခဲ့တဲ့ ချမ်းချမ်းကတော့ အိမ်ထောင်ကျပြီးနောက်မှာ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့် ဂီတလောကကနေ ခဏနားခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ကာ ချစ်ရတဲ့ ပရိသတ်တွေရဲ့ ရှေ့ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

ချမ်းချမ်းကတော့ ချစ်ရတဲ့သမီးလေး နဲ့အတူ နေထိုင်ရင်း သူမချစ်တဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်နေတာပါ..။ သူမရဲ့ တစ်နေ့တာ လှုပ်ရှားပုံလေးတွေနဲ့အတူ သမီးဖြစ်သူအကြောင်းလေးတွေကို ခံစားချက်လေးတွေအနေနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေတင်ပေးလေ့ရှိတဲ့ ချမ်းချမ်းကတော့ ဒီနေ့ မတ်လ (၁၃)ရက်နေ့မှာတော့ သတင်းအတုတွေကြောင့် လက်ရှိဖြစ်နေကြတဲ့အကြောင်းကို “တစ်နေ့က အိပ်မက်မက်လို့ နောက်မနက် ဖြစ်နေတာ..။ ဘာရယ်မဟုတ်အိမ်အတွက်လိုတာလေးတွေတော့ ပိုပိုလိုလိုဝယ်လာခဲ့တယ်..။ လုတေအလုအယက်တေဝယ်ကြတာတဲ့.။ ကြိုတင်ကာကွယ်တာကောင်းပေမယ့် အလန့်တကြားတော့သိပ်မလုပ်သင့်ဘူး.။ .မြန်မာနိုင်ငံမှာကအခြေခံလူတန်းစားတွေများတယ်..။ ရောဂါကအပူချိန်များရင်ရောဂါပိုးသက်တမ်းတိုတယ်တဲ့..။ ကိုယ့်ကိုယ်ကိုကျန်းမာအောင်နေပါ။

ခေါင်းအေးအေးထားပြီးပြင်ဆင်ပါ..။ ကိုယ်ချင်းစာပါ..။ လူတိုင်းအစာမစားပဲမနေနိုင်ဘူး..။ ဒါကိုအခွင့်ကောင်းယူပြီးဈေးတွေမတင်သင့်ဘူး.. ။ .ငါရောဆိုတဲ့စိတ်မွေးကြပါ.. ။ ဝယ်စရာရှိတာဝယ်ကြပါ..။ အလန့်တကြားမလုပ်ကြပါနဲ့နော်..”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ကိုယ့်ဖို့ပဲကြည့်ကာ ဝယ်နေကြတဲ့ လူတစ်ချို့ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ ကိုယ်ချင်းစာစိတ်လေးတွေထားကြဖို့ကို သတိပေးစကားလေး ဆိုလိုက်တာပါပဲနော် ..ပရိသတ်ကြီးရေပရိသတ်ကြီးလည်း ချမ်းချမ်းပြောသလို သတင်းအတုတွေကြောင့် နားယောင်ပြီး မှားယွင်းမလုပ်ဆောင်ကြဘဲ ကိုယ်ချင်းစာစိတ်လေး ထားနိုင်ကြပါစေလို့ မေတ္တာရပ်ခံလိုက်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *