သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ လမ်းဘေးဈေးသည်များအတွက် နှာခေါင်းစည်း အခု (၁၀၀၀)လှူဒါန်းခဲ့တဲ့ တင်မိုးလွင်

Posted on

အနုပညာလောကမှာ ထွန်းတောက်လာမယ့် အနာဂတ်ကြယ်ပွင့်လေးတွေကို မွေးထုတ်ပေး နေ တဲ့ တင်မိုးလွင်ကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ တင်မိုးလွင်ကတော့ လတ် တလောမှာ ဖြစ်ပေါ်နေတဲ့ Covid-19 ကူးစက်မြန် အဆုတ်ရောင် ရောဂါရေးအတွက် လိုအပ် နေတဲ့ Mask (နှာခေါင်းစည်း)တွေကို ထပ်မံလှူဒါန်းပေးလိုက်ပြန်ပါတယ်။

တင်မိုးလွင်ကတော့ အခုတစ်ခေါက်လှူဒါန်းတာကတော့ ကျပ်(၄)သိန်းခွဲတန်ဖိုးရှိ ပြန် လျှော်သုံး ပိုးသတ်ပြီးနှာခေါင်းစည်း (၁၀၀၀)တိတိကိုလှူဒါန်းပေးခဲ့တာပါ။ တင်မိုးလွင်က Mask နှာခေါင်း စည်း အခု (၁၀၀၀)ကို ခေတ်သစ်ဖောင်ဒေးရှင်းကနေ တစ်ဆင့် သန့်ရှင်း ရေးဝန်ထမ်းများနှင့် လမ်းဘေးဈေးသည်များအသုံးပြုရန် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

တင်မိုးလွင်က Covid-19 ရောဂါပိုးကာကွယ်ရေးအတွက် အခုတစ်ခေါက်လှူဒါန်းကတော့ စတုတ္ထအကြိမ်မြောက်လှူဒါန်းတာဖြစ်ပြီး ရှေ့မှာလည်း (၃)ကြိမ်တိတိလှူဒါန်းပေးခဲ့ပါ သေးတယ်။ CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် တင်မိုးလွင်ရဲ့ အလှူ လေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ

Leave a Reply

Your email address will not be published. Required fields are marked *