အဘိုးကြီးမှာ သမီး(၃)ယောက်ရှိသတဲ့။သမီးအကြီးကတော့ လင်လိုချင်တယ်ဆိုလို့ ယောက်ကျားပေးစားလိုက်တယ်။သမီးအလတ်ကလည်း ယောက်ကျားလိုချင်တယ်ဆိုလို့ သမက်ရှာပြီး ပေးစားလိုက်ပြန်တယ်
တစ်နှစ်လောက်ကြာတော့ သမီးအကြီးက သုံးမွှာပူးမွေးတယ်။သူ့ယောက်ကျားက သုံးခွက။
ပြသနာပဲ
နောက်တစ်နှစ်လောက်ကြာတော့ သမီးလတ်ကလဲ လေးမွာပူး မွေးပြန်တယ်။
သူ့ယောကျာ်းက လေးမျက်နှာက။
ဒိုးခပဲ
အဘိုးကြီးက စဉ်းစားတယ်ဒီတိုင်းဆိုငါ့သမီးတွေမလွယ်ဘူး
(တစ်မျိုးမတွေးနဲ့နော် ခလေးထိန်းရတာပြောတာ)
သမီးငယ်လေးကျရင် သေချာသမက်ရွေးရမယ်ပေါ့ဗျာ။
ဒီလိုနဲ့ပဲ သူ့သမီးငယ်ကို လာစေ့စပ်တာက နှစ်ယောက်ဗျ။အဘိုးကြီးက ပထမတစ်ယောက်ကိုမေးတယ်။မောင်ရင်ကဘယ်ကလဲ။ကျွန်တော် ခြောက်ကပါ။
အိုက်စ် မလွယ်ပါလား
ဒုတိယတစ်ယောက်ကို မေးပြန်တယ်။မင့်ကဘယ်ကလဲ။
ကျွန်တော် သုံးဆယ်ကပါ။
ဟိုက် သေတော့မှာပဲ
အဲ့အချိန်မှာ နောက်ထပ်လာစေ့စပ်တဲ့လူတစ်ယောက်ရောက်လာတယ်။
အန်ကယ် “ကျွန်တော် ရန်ကုန်ကပါ”။Ok သဘောတူတယ်။
ဒီလိုနဲ့ လက်ထပ်တဲ့နေ့ရောက်တော့မသကာင်္လို့ အဘိုးကြီးက ရန်ကုန်သားကိုမေးတယ်။
“နေစမ်းပါဉီးကွ မင့်က ရန်ကုန် ဘယ်နားနားကလဲ”
ကျွန်တော် က ဗိုလ်တစ်ထောင် ကပါ။
“ဟိုက် ရှားပါး” သွားပါပီကွာ