သမီးလေးနဲ့ အတူသွားတဲ့ ခရီးမှာ ထူးခြားတဲ့ အမူအယာလေးတွေကြောင့် အရမ်းပျော်ခဲ့တဲ့ မေမေ ခိုင်နှင်းဝေ

Posted on

ပရဟိတမင်းသမီး အဖြစ်ပရိသတ်တွေရဲ့ လေးစားမှုတွေရရှိထားတဲ့ မင်းသမီးခိုင်နှင်းဝေရဲ့ သူမတတ်နိုင်တဲ့ ဘက်ကနေ အကူအညီလိုအပ်နေတဲ့ သူတွေကို ဖေးမကူညီပေးနေတဲ့ သူတစ်ယောက်ပါ။ မေတ္တာလိုသူကို မေတ္တာပေး၊ ငွေကြေးလိုသူကို ငွေကြေးကူညီမှုတွေပေးရင်း ပီတိအပျော်တွေနဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပရိသတ်တွေသိကြတဲ့အတိုင်း လူတိုင်းအံ့သြလေးစားရတဲ့ ရင်ခွင်မဲ့နေတဲ့ မွေးကင်းစ သားသားမီးမီးလေးတွေအတွက် ဂေဟာလေးတစ်ခုဖွင့်ပေးထားတာဖြစ်ပါတယ်။

မခိုင်နှင်းဝေ ရင်ခွင်ထဲကို ရောက်ရှိလာတဲ့ သားသားမီးမီးလေးတွေထဲက ပရိသတ်တွေနဲ့ အရင်းနှီးဆုံး သမီးလေးဖြစ်တဲ့ ရွှန်းရွှန်းလေးက မခိုင်နှင်းဝေ ပရိသတ်တွေရဲ့ အသည်းကျော်လေးပါ။ သွေးသားမတော်ပေမယ့်လည်း ပါးချိုင့်ပါတာလေးကအစ မခိုင်နှင်းဝေနဲ့ အရမ်းကိုတူပြီး သမီးရင်းလေးတစ်ယောက်ထက်ပိုအောင် ချစ်ရတဲ့ မခိုင်နှင်းဝေရဲ့ အသည်းတုန်လေးပါ။

အခုလည်း သမီးလေးနဲ့ အတူ နေပြည်တော်ကို ခရီးထွက်နေတဲ့ မခိုင်နှင်းဝေက ယခင်ကနဲ့ မတူတော့တဲ့ အခြေအနေလေးကို ပြောပြရင်း သမီးလေး ဘယ်လောက်ဆိုးဆိုး သမီးလေးကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရတဲ့ ခံစားချက်တွေကို ပြောပြခဲ့တာပါ။  ပရိသတ်ကြီးလည်း ရွှန်းရွှန်းလေးနဲ့ မခိုင်နှင်းဝေတို့ သားအမိရဲ့ ချစ်စရာကောင်းတဲ့ ခရီးသွားပုံရိပ်လေးတွေကို ကြည့်ပြီး ပီတိဖြစ်မိမယ်လို့ ထင်ပါတယ်နော်။