သာသနာတော်အတွက်ရည်စူးပြီး ကျပ်သိန်းပေါင်း ထောင်ချီလှူသွားခဲ့တဲ့ စေတနာရှင်မိသားစု

Posted on

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာ အလှူအတန်းမှာ နံပါတ်တစ်ရယ်လို့ ကမ္ဘာမှာ နာမည်ကျော်ပါတယ်…ခုလည်းပဲ ငွေသိန်းပေါင်းထောင်ပေါင်းများစွာကို အလှူရှင် မိသားစုတစ်စုက သာသနာတော်အတွက် လှူဒါန်းလိုက်ပါတယ်

အဲတာကတော့… “စေတနာရှင် မိသားစု တစ်ခုက မြတ်စွာဘုရား၏ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့စေဖို့အတွက် ရည်စူးပြီးတော့ သာသနာ့ပျိုးဥယျာဉ်ကျောင်းတော်ကြီးတည်ဆောက်ဖို့အတွက်နဝကမ္မဝတ္ထုငွေ ကျပ်သန်းပေါင်း (၆၅၀၀ ) ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အခုလို လှူဒါန်းမှုအတွက် ပြုပြုသမျှကုသိုလ်တွေကိုလည်း ၇ ရက်သားသမီးနှင့်တကွ မိတ်ဆွေများကို မျှဝေပါတယ်။” ဆိုပြီး လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်…အဲတာကြောင့် ယခုလို သိန်းပေါင်းထောင်ပေါင်းများစွာကို လှူတန်းခဲ့တဲ့ စေတနာရှင်မိသားစုရဲ့ အလှူကို ပရိသတ်ကြီးတို့လည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ဖို့ ဒီစာလေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *