သာသနာ့တာဝန်ထမ်းဆောင်ရင်းနဲ့ ဆယ်တန်းမှာ ဂုဏ်ထူး ၅ ဘာသာထိ ထွက်အောင်ဖြေဆိုနိုင်ခဲ့တဲ့ ကိုရင်လေး

Posted on

သာသနာ့တာဝန်ထမ်းဆောင်ရင်းနဲ့ ဆယ်တန်းစာမေးပွဲမှာ ဂုဏ်ထူး ၅ ဘာသာထိ ထွက်ခဲ့တဲ့ ကြည်ညိုဖွယ် ကိုရင်လေးအကြောင်းမျှဝေလိုက်ရပါတယ်..”ဒီနေ့တော့ တပည့်ကျော်ကိုရင်တစ်ပါးအတွက် ဝမ်းသာစရာ စကားလုံးရှာဖွေလို့တောင် မတွေ့တော့ဘူး..အစက အစိုးရဂေဇက်ကြည့် ရိုးရိုးအောင်လို့ပဲပါတာ…

အမှတ်စာရင်းတောင်းကြည့်မှ..မြန်မာစာ ၇၅..အင်္ဂလိပ် ၈၆..သင်္ချာ ၇၇..ဓာတု ၈၉..ရူပ ၉၁ဇီဝ ၉၂ နဲ့ ငါးဘာသာ ဂုဏ်ထူးပါမှန်းသိရတယ်။ပရိယတ္တိစာမေးပွဲနဲ့ တွဲဖက်ပြီး ၁၀တန်း စာမေးပွဲကို ဖြေဆိုခဲ့တဲ့ကိုရင်ကို ပရိယတ္တိစာမေးပွဲမှာလည်းအောင်မြင်မူကြီးကြီးမားမား ရဖို့ မျှော်လင့်မိပါတယ်။စာသင်တိုက်သေးသေးလေးကဆိုပြီးပယ်ချမှာတော့ စိုးမိတယ်။

Congratulation ပါ တပည့်ကျော်ရေ……အောင်မြင်မူများစွာ ဆက်လက်ရယူနိုင်ပါစေ….ဂုဏ်ယူစွာဖြင့်…အရှင်ဝိစာရ(သာသနဓဇဓမ္မာစရိယ-နာယကစာချ)..မဟာပုဂံပရိယတ္တိစာသင်တိုက်၂၂-ရပ်ကွက်၊ရွှေပေါက်ကံမြို့သစ်..မြောက်ဥက္ကလာပမြို့နယ်”

Leave a Reply

Your email address will not be published. Required fields are marked *