သာသနာ့ဘောင်ကို အတူတူဝင်ရောက်ပြီးတရားအားထုတ်ကုသိုလ်ယူခဲ့ကြတဲ့ပန်းဖြူတို့ဇနီးမောင်နှံ

Posted on

ပရိသတ်တွေအသည်းစွဲ ချစ်ခင်အားပေးခဲ့ရတဲ့ မင်းသမီးချော ပန်းဖြူကတော့ တစ်ခေတ် တစ်ခါ တုန်းက အရမ်းကိုလူကြိုက်များအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ချောမောလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ပန်းဖြူကတော့ အခုချိန်အထိတိုင်အောင် ချစ်ဖို့ကောင်းနေဆဲ ဖြစ်ပါတယ်။ ပန်း ဖြူက သရုပ်ဆောင်တော်သလို အကယ်ဒမီဆုကိုလည်းရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အနု ပ ညာအလုပ်တွေကို ရပ်နားထားတာ ဖြစ်ပါတယ်။

ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ပန်းဖြူတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သာသ နာ့ဘောင်ကို (၁၁) ရက်တာဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပန်းဖြူက ဆရာလေး မင်္ဂလဝေသီအ ဖြ စ်ခံယူပြီး တရားကျင့်ကြံအားထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပန်းဖြူနဲ့အတူ သူမရဲ့ခင်ပွန်းကလည်း ရဟန်းဘဝကိုခံယူခဲ့တာဖြစ်သလို အလှူအတန်းတွေပြုလုပ်ရင်း ကုသိုလ်ယူခဲ့ကြတာလည်း ဖြစ် ပါ တယ်။ အခုလည်း ပန်းဖြူက ဆရာလေးဝတ်ခဲ့စဉ်က အမှတ်တရပုံရိပ်လေးတွေကို မျှဝေထား တာ ဖြစ်ပါတယ်။

ပန်းဖြူက “(၁၁)ရက်တာ ဆရာလေးမင်္ဂလဂဝေသီဘဝတွင် လိုလေသေးမရှိ ဆွမ်းကျောင်း ပြည့် စုံ စေ သော၊ ရုပ်နာမ်တို့၏ အချိန်တိုင်း ဖြစ်ပျက် ပျက်စီးနေပုံကို သိရှိစေရန် ဝိပဿနာဉာဏ် အလ င်းပြပေးသော၊ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော ထေရဝါသဆရာတော်ကြီးများအား အနီး ကပ်ဖူးမျှော်ခွင့်ရအောင် စီစဉ်ပေးသော၊ ကျေးဇူးကြီးမားလှပါသော ကလောမြို့ အရိယာဝါ သ ဓမ္မ ကျောင်းတိုက်မှ ဆရာလေးဒေါ်နိမ္မလ(ခ) အသောကစာရီအား ရှိခိုးဦးတင်ပါတယ်ဘုရား။

ဆရာလေး လမ်းညွှန်သင်ပြပေးမှုအတိုင်း ကြိုးစားပြီး ငါစွဲတွေကို ဖြတ်နိုင်အောင် ကြိုးစားပါ့ မယ် ဘု ရား ။ ဆရာလေးနဲ့ ဆုံစည်းခွင့်ရအောင် စီစဉ်ပေးသော ဦးဇင်းဦးဥတ္တမ (ခ) Aung Thu Lwin ၊ ဦးဇင်းဦးဩဘာသ (ခ) Aung Phyo ၊ ဦးဇင်း ဦးတိက္ခ တို့ကိုလည်း ကျေးဇူးတင် ရှိခိုးဦး တင်ပါတယ် ဘုရား ။ သီလရှင်အဖြစ် (၁၁)ရက်တာ ကာလတွင် လိုလေသေးမရှိပြည့်စုံစေသော ဝေယျာဝစ္စကုသိုလ်ရှင်များအားလည်းကျေးဇူးအထူးတင်ရှိပါတယ်။” ဆိုပြီး ကျေးဇူးတင်ထိုက်သူ တွေ ကို ကျေးဇူးတင်စကားဆိုထားတာ ဖြစ်ပါတယ်။ ကဲ သာသနာ့ဘောင်ဝင်ပြီး ကုသိုလ်ယူခဲ့တဲ့ ပန်းဖြူတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *