မနေ့ည၈နာရီထုတ်ပြန်တဲ့ ပိုးတွေ့လူနာ၇၇ယောက်ထဲက ရန်ကုန်က ၂ယောက်ထဲမှာ ဘယ်ကကူးမှန်းမသိတဲ့ ရန်ကုန်တိုင်းသာကေတမြို့နယ် ၂ မြောက်တိုးချဲ့၁လမ်းက ပိုးတွေ့လူနာရဲ့ မ်သားစုဝင်၎ယောက်ကို ကွာရတင်းစင်တာကို ညတွင်းချင်းပို့လိုက်ကြောင်းပြည့်သူ့ လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာဝေဖြိုးအောင်ကပြောပါတယ်။
အသက်၂၆နှစ်အရွယ်သာကေတပိုးတွေ့လူနာဟာ ကိုဗစ၁၉အတည်ပြုလူနာတွေနဲ့ မထိတွေ့ဘဲ ပြည်ပခရီးသွားတာမရှိတဲ့အပြင် ရခိုင်စစ်တွေကို ခရီးမသွားဘဲရောဂါကူးစက်ခံရတာဖြစ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
သူ့ရဲ့ မိသား စုဝင်၎ယောက်ကိုတော့ မနေ့ညကညဲရွှေပြည်သာကွန်ပျူတာတက္ကသိုလ် ကွာရတင်းစင်တာကို အောင်ဇေယျလူ မှုကူညီရေူအဖွဲ့က ညတွင်းချင်းပို့ဆောင်ပေးခဲ့ပါတယ်။