အသားအရည်ရဲ့ကောင်းခြင်း၊ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားခြင်းတွေနဲ့ ပြည့်စုံတဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ မော်ဒယ်စလုပ်ကတည်းက သူမရဲ့အလှအပကြောင့် နာမည်ကြီးသူလေးပါ။
လက်ရှိမှာတော့ မယ်လိုဒီက သူမရဲ့အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းပြတ်ဆဲထားပြီဖြစ်ပြီး သားလေး သဒ္ဓိစစ်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း မယ်လိုဒီနဲ့အတူတူ အမေတူပြီး အရမ်းချောတဲ့ သားလေး သဒ္ဓိစစ်ကိုလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။
သားချောလေးနဲ့ ပက်သတ်ပြီး မျက်နှာပန်းပွင့်ရစတမ်းဖြစ်တဲ့ မယ်လိုဒီက ဒီကနေ့မှာလည်း သူမတို့ သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို အမှတ်တရမျှဝေလာပါတယ်။ မယ်လိုဒီက သားလေး သဒ္ဓိစစ်ကို ချီပိုးရင်း အသက်တွေကြီးသွားချင်တဲ့အကြောင်းကိုပြောရင်း “ဘယ်အရွယ်ထိလဲ” ဆိုပြီး သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာပုံလေးတွေကို ပရိသတ်တွေဆီ ချပြထားတာပဲ ဖြစ်ပါတယ်။
မယ်လိုဒီကတော့ သားလေးတစ်ယောက်နဲ့အတူတူ အလုပ်တွေ ဆက်လုပ်ရင်း တစ်ယောက်တည်း ရပ်တည်နေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မယ်လိုဒီတို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။