သားသားလေး မွေးပြီးမှအရမ်းကို ပြောင်းလဲသွားတဲ့ မေမေ ပိုးအိအိခန့်

Posted on

သားလေးက (၈)လသားအရွယ်ကို ရောက်လာပါပြီ။မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ အခုချိန်မှာ သားလေးကို စိတ်မချနိုင်လို့ အလုပ်တွေတောင် မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။အနုပညာအလုပ်ကို အရမ်းဝါသနာပါခဲ့တဲ့ မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ သားလေး မွေးပြီး နောက်ပိုင်းမှာ အရမ်းကို ပြောင်းလဲသွားခဲ့ပါပြီ။ သူမချစ်တဲ့ အနုပညာအလုပ်တွေထက် သားလေးကို ပိုပြီး အချိန်ပေးချင်သလို သားလေးကို စိတ်မချတဲ့ စိတ်တွေနဲ့ အလုပ်လုပ်ဖို့ တွန့်ဆုတ်နေမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီတစ်ချက်က ကလေးမွေးပြီးနောက် ပြောင်းလဲသွားတဲ့ သူမရဲ့ အကျင့်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ကျန်တဲ့ အချက်တွေက ဘာတွေဖြစ်မလဲ” သားလေးမွေးပြီးတော့ မေမေ အများကြီးပြောင်းလဲသွားတယ် သိလား နံပါတ်(၁) မေမေ အရင်ကထက် အများကြီး ဝလာတယ်(တစ်ချို့ကတော့ လှတယ်ပြောကြဆဲပါ??)။ နံပါတ်(၂)မေမေ အလုပ်မလုပ်နိုင်တော့ဘူး လုပ်ဖို့လည်း သားလေးကို စိတ်မချတဲ့စိတ်နဲ့ တွန့်ဆုတ်နေမိတယ်။ သားလေးကို အကြာကြီး ဘယ်သူနဲ့မှ စိတ်ချပြီးမထားခဲ့နိုင်ဘူး ။နံပါတ် (၃) မေမေ စိတ်မရှည်တော့ဘူး တစ်ခုခုဆို စိတ်တိုလွယ်နေပြီ အမှားမခံတော့ဘူး ။နံပါတ် (၄) သားနဲ့ပတ်သက်ရင် မေမေ အရင်က အားနာတတ်တာတောင် အခု အားမနာတတ်တော့ဘူး ။နောက်ထပ် ပြောင်းလဲသွားတဲ့ နံပါတ်ပေါင်း မြောက်များစွာရှိပေမယ့် ဒီ အချက်တွေက သိသိသာသာပါပဲ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာမတ်လ(၁၉) ရက်နေ့ညက ရေးသားထားတာတွေ့ရပါတယ်။

ကလေးမွေးပြီးချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် စိတ်အပြောင်းအလဲဖြစ်တာတွေ ရှိလို့နေပေမယ့် တချို့ကပြောင်းလဲသွားတဲ့စိတ်ကို လက်ခံပေးကြပေမယ့် တချို့ကတော့ သည်းခံမပေးတက်ကြဘူးဆိုပြီး ပြောထားပါသေးတယ်။“မေမေတို့ ကလေးအမေတွေရဲ့ ပြောင်းလဲသွားတဲ့ စိတ်တွေ ဟော်မုန်းတွေကို တစ်ချို့တွေက နားလည်ပြီးသည်းခံပေးတတ်ကြပေမယ့်တစ်ချို့တွေက နားမလည်နိုင်ဘဲ အပြစ်မြင်တတ်ကြတယ် သားလေးရေဘာပဲဖြစ်ဖြစ် မေမေ ဘာတွေပဲ ပြောင်းလဲသွားပါစေ မေမေ့ဘဝထဲကို သားလေးရောက်လာပေးတာ အရမ်းကျေးဇူးတင်ပါတယ်မေမေ့သားလေး ဆက်ပြီး ကျန်းမာပျော်ရွှင်စွာနဲ့ မေမေ့အရိပ်အောက်မှာ ခိုနားပါ စိန်ကတုံးလေးရေ” ဆိုပြီး သူမက ဆက်လက်ပြောထားပါတယ်။

ပိုးအိအိခန့် ဟာ အိမ်ထောင်မကျခင်က အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ သားလေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ သားလေးက(၈)လသားအရွယ်‌လေးကို ရောက်ရှိနေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *