သိန်းပေါင်းများစွာမလှူနိုင်ပေမဲ့ လှူနိုင်သလောက်လေးလှူရတာပေါ့နော်

Posted on

စစ်ကိုင်းမြို့ မြမဉ္ဇူပရဟိတသီလရှင်ကျောင်း ဆရာလေး ဒေါ်မိတ္တာထေရီ မှ Covid ကပ်ဆိုး ကာလမှာ စစ်ကိုင်းမြို့မှဝင်ငွေမရှိတဲ့ နွမ်းပါးမိသားစု အိမ် (၁၁၀) စာအတွက် ကြက်ဥအလုံး (၁၁၀၀) မုန်လာထုပ် (၁၁၀)ထုပ် မုန်ညှင်းဖြူ အချိန် (၁၁၀) ခရမ်းချဉ်သီး (၁၁၀) ပိသာ ချဉ်ပေါင်ရွက်၊ကန်ဇွန်းရွက်၊ဘူးသီး၊ငြုပ်သီးစိမ်း၊နံနံပင်၊

ဒန့်သလွန်သီး (ကျောင်းအပင်မှ ခူး)၊ဒန့်သလွန်ရွက် (ကျောင်းအပင်မှ ခူး)၊မကျီးရွက်(ကျောင်းအပင်မှခူး)၊သံပုရာသီး၊မုန်လာဥဖြူ များကို ယနေ့ညနေ အိမ်အရောက်လိုက်လံလှူဒါန်းပေးဝေသွားမှာပါရှင်လိုက်ခဲ့ဘို့ဖိတ်ခေါ်ပါတယ်နော်

(ဤ ကုသိုလ် အစုစုတို့ကြောင့် အကျွန်ုပ်၏တောင်းဆုများ ပြည့်ဝရပါလို၏)နတ်လှူသာဓုခေါ်စေသော်

Leave a Reply

Your email address will not be published. Required fields are marked *