သိန်းတ‌သောင်းခွဲထီပေါက်သူ ဘုရားတည်ရန် မြေကြီးတူးရာမှ ရှေးဟောင်းပစ္စည်းများ တွေ့ရှိ

Posted on

စစ်ကိုင်းတိုင်းကနီမြို့နယ် ဝရာကျေးရွာနေ(၁၇) ကြိမ်မြောက် သိန်း (၁၅၀၀၀) ဆုပေါက်ခဲ့သူတို့က ဘုရားတည်ရန် အုတ်ရိုးတူးရာမှရှေးဟောင်းအမွေအနှစ်များ သြဂုတ်လ(၂၅)ရက်နေ့လည်ကတူးဖော်တွေ့ရှိကြောင်းသိရသည်။

“ဝရာကျေးရွာမှာ သမိုင်းဝင်ရွှေမုဌောဘုရားကြီးရဲ့ မြောက်ဘက်ကပ်ရက်မှာ ဘုရားကုန်းကြီးရှိတယ်။ သစ်ပင်တွေ ပေါက်နေတာကြာပြီ။ ဦးဇင်းတို့ရွာက ၁၇ ကြိမ်မြောက်မှာ သိန်း၁၅ဝဝဝပေါက်တယ်။ ပေါက်တဲ့ ကိုသောင်းထိုက်ဦးတို့၊ မဆုမြတ်မော်မောင်နှမတစ်စုက ဒီရှေးဟောင်းဘုရားကြီးကို ပြင်မယ်ဆိုပြီး လုပ်တယ်။ ဒီဝါတွင်းကိုတော့ အုတ်ရိုးတွေဖော်မယ်ပေါ့။ ဝါကျွတ်မှပဲဘုရားတည်မယ်ပေါ့။ ဒီနေ့မှာ ဘတ်ဟိုးကော်တယ်။

ဒီနေ့လူတွေနဲ့အုတ်ရိုးတွေတူးရင်းနဲ့ ရှေးဟောင်းပစ္စည်းတွေရှိခဲ့တာပါ” ဟု ဦးဇင်း ဦးဝေပုံက မိန့်ကြားသည်။တွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်များမှာ ရှေးဟောင်းဘုရားများ၊ ကျောက်ဆင်းတုဘုရား၊ စာများ၊အိုးများ၊ ကြေးဆင်းတုများဖြစ်ပြီး မည်သို့စီမံဆောင်ရွက်မည်ကို ဆွေးနွေးတိုင်ပင်ဆဲ ဖြစ်ကြောင်းသိရသည်။

“ဘုရားတွေကတော့ လက်ကျိုးတာတွေရော၊ ခေါင်းပြတ်တာတွေရော ပါတယ်။ စာတွေတော့ ပါတယ်။ တချို့ကတော့ အင်းဝခေတ်က ဟာလို့တော့ပြောတယ်။ သေချာမကြည့်ရသေးဘူး။အရင်ရွှေမုဌောဘုရားကြီးတုန်းက ငလျင်လှုပ်တုန်းက ဓာတ်တော်တွေ့တယ်၊ အဲဒါတွေလည်း ဘုရားထည့်တယ်။ အခုတွေ့တာကလည်း ဌာပနာထဲထည့်ဖြစ်မယ်ထင်တယ်”ဟု ဆရာတော်ကမိန့်ကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *