သိပ္ပံပညာရှင်တွေရှာတွေ့ခဲ့တဲ့ နည်းလမ်းတစ်ခုကြောင့် ကင်ဆာမှန်သမျှ ပျောက်ကင်းတော့မည်

Posted on

ကင်ဆာဆိုတာ ယနေ့ခေတ်မှာ လူတွေကို ဒုက္ခအပေးဆုံး ရောဂါဆိုးကြီး တစ်ခုဖြစ်ပါတယ်… ကင်ဆာဖြစ်ပြီဆိုရင် ရောဂါရှင်ပါ သေလောက်အောင် ခံစားရသလို ကုသဖို့လည်း အင်မတန်ခက်ခဲပြီး ငွေကုန်ကြေးကျလည်း အလွန်များတာကြောင့် တကယ့်ကို ကပ်ဆိုးကျသလို ဖြစ်ရတာပဲ ဖြစ်ပါတယ်

ဒါကြောင့်လည်း ဆေးသိပ္ပံပညာရှင်တွေဟာ ကင်ဆာရောဂါကို အမြစ်ပြတ်တိုက်ဖျက်နိုင်မယ့် နည်းလမ်းအမျိုးမျိုးကို နှစ်ပေါင်းများစွာ လေ့လာရှာဖွေခဲ့ကြပါတယ် ယခုအချိန်မှာတော့ LadBible က ဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ

သြစတြေးလျ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Viralytics Ltd ကုမ္ပဏီဟာ ကင်ဆာရောဂါမှန်သမျှကို အမြစ်ပြတ်တိုက်ထုတ်နိုင်မယ့် အကျိုးပြု Virus တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီလို့ သိရပါတယ်

အဲဒီကုမ္ပဏီဟာ အစမှာ Herpes Virus ကို အထူးပြုပြီးတော့ အရေပြားကင်ဆာကို စမ်းသပ်ရာမှာ အောင်မြင်ခဲ့ပါတယ် နောက်ပိုင်းမှာတော့ Cowpox Virus ကို အသွင်ပြောင်းထားတဲ့ CF33 ဆိုတဲ့ ဆေးကို

ကင်ဆာကုသရာမှာ စမ်းသပ်သုံးစွဲခဲ့ပါတယ် အဲဒီဆေးနဲ့ ကြွက်တွေကို စမ်းသပ်ရာမှာတော့ ကင်ဆာဆဲလ်တွေကို ဆေးက တိုက်ဖျက်ချေမှုန်းနိုင်ခဲ့ပါတယ်

အဲတာကြောင့် သြစတြေးလျ အခြေစိုက် ကုမ္ပဏီဟာ အဲဒီဆေးနဲ့ ကင်ဆာဝေဒနာရှင်တွေကို စမ်းသပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူတို့ စမ်းသပ်မယ့် ကင်ဆာအမျိုးအစားတွေကတော့ ရင်သားကင်ဆာ၊ Melanoma အရေပြားကင်ဆာတစ်မျိုး၊ အဆုတ်ကင်ဆာ၊ သည်းခြေကင်ဆာ၊ အူမကြီးနဲ့ ဝမ်းဗိုက်အတွင်းပိုင်းကင်ဆာတွေပဲ ဖြစ်ပါတယ်

ကင်ဆာကျွမ်းကျင်ပညာရှင် ပါမောက္ခ Yuman Fong က Daily Telegraph သတင်းစာကို ပြောပြရာမှာတော့ လွန်ခဲ့တဲ့ ၁၉၀၀ ပြည့်နှစ်လောက်ကတည်းက တစ်ချို့ Virus တွေဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်ခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်

ဆက်လက်ပြီးသူက ပြောဆိုရာမှာတော့ “ လူတွေက ကင်ဆာဆဲတွေကိုတောင် သတ်နိုင်လောက်တဲ့အထိ Virus တွေက အစွမ်းထက်တယ်ဆိုရင် အဲဒီ Virus တွေက လူတွေကိုပါ သေစေနိုင်တယ်လို့ ထင်ကြတယ်..” လို့ ဆိုပါတယ်

ဒါပေမဲ့ သူကတော့ ခုဒီဆေးဟာ ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ လူတွေအတွက် အကောင်းဆုံးဆေးဖြစ်တယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်

လူတွေကို ဒီဆေးနဲ့ ကုသမယ်ဆိုရင် အဆိုပါ အကျိုးပြု Virus ကို သူတို့ရဲ့ ကင်ဆာအကျိတ်တွေထဲ တိုက်ရိုက်ထိုးသွင်းတာ ဖြစ်ပြီး အဲဒီ Virus တွေက ကင်ဆာဆဲလ်တွေကို သေဆုံးစေတဲ့အထိ တိုက်ဖျက်သွားမှာပဲ ဖြစ်တယ်လို့ ဆိုပါတယ်

ဒီအကြောင်းလေးကိုတော့ ကင်ဆာဝေဒနာရှင်တွေအတွက် သတင်းကောင်းတစ်ပုဒ်အဖြစ် ပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပြီး နောင်အနာဂတ်မှာ တိုးတက်လာတဲ့ ဆေးပညာတွေအရ ကင်ဆာဆိုတာ ကြောက်စရာမလိုတဲ့ ရောဂါအဖြစ် တဖြည်းဖြည်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်