သီချင်းစာသားမှားဆိုတယ်လို့ ပြောနေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ အေးမြဖြူ

Posted on

အေးမြဖြူကတော့ မြန်မာသံသီချင်းအမျိုးအစားတွေကို ပိုင်နိုင်စွာသီဆိုနိုင်တာကြောင့် မြန်မာအိုင်ဒေါပြိုင်ပွဲမှာ ပရိသတ်ပေးတဲ့အမှတ်များစွာ ရရှိခဲ့သူပါ။ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် မြန်မာသံသီချင်းတွေကို ကိုယ်တိုင်တန်ဖိုးထားသီဆိုလေ့ရှိတဲ့အပြင် ဖျော်ဖြေပွဲတွေမှာလည်း မြန်မာသံတွေကို အများဆုံးသီဆိုတာကို တွေ့မြင်ရမှာပါ။

လတ်တလောမှာတော့ MRTV ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ရာပြည့်အတွက် ဂုဏ်ပြုတေးသီချင်းသီဆိုပွဲမှာ အေးမြဖြူတစ်ယောက် သီချင်းစာသားမှားဆိုတယ်ဆိုပြီး ပြောနေမှုအပေါ် အေးမြဖြူကတော့ အခုလို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ” ရုပ်ရှင်ရာပြည့်ဂီတဖျော်ဖြေပွဲမှာ သမီးဆိုသွားတဲ့ “မျက်ဝန်းလဲ့ပြာပြာ” သီချင်းထဲက (တစ်ဦးနဲ့တစ်ဦး ကြည်နူးမြူးကြစွာ)ဆိုတဲ့စာသားက အမှန်ပါပဲရှင်  တော်တော်များများက (တစ်ဦးကိုတစ်ဦး) ဖြစ်ရမှာကို သမီးကထွင်ပြီးဆိုတယ်ထင်နေကြလို့ပါ မှုံရွှေရည်ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းမှာ ဦးဝင်းဦးဆိုထားတဲ့စာသားအတိုင်း သေချာနားထောင်ပြီးမှ ဆိုခဲ့တာပါ အခုမှမဟုတ်ပါဘူး ပြိုင်ပွဲမှာလည်း အဲ့အတိုင်းပဲဆိုခဲ့တာပါရှင်  နောက်လည်းတစ်ဦးနဲ့တစ်ဦးလို့ပဲဆိုသွားဦးမှာပါ” ဆိုပြီး စာသားမှားဆိုတယ်လို့ ပြောနေမှုအပေါ် ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

“မျက်ဝန်းလဲ့ပြာပြာ” သီချင်းလေးကတော့ ခေတ်အဆက်ဆက် ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားတဲ့သီချင်းလေးဖြစ်သလို ဘယ်အချိန်နားထောင် နားထောင် မရိုးနိုင်တဲ့သီချင်းလေးပါ။ သီချင်းကောင်းလေးမို့ ပြန်ဆိုသူတွေများစွာရှိပြီး အေးမြဖြူကတော့ ဒီသီချင်းလေးကို ဦးဝင်းဦးဆိုတဲ့စာသားအတိုင်း သေချာနားထောင်ပြီးမှ ဆိုထားတာမို့ (တစ်ဦးနဲ့တစ်ဦး ကြည်နူးမြူးကြွစွာ ) ဆိုတဲ့ စာသားလေးကတော့ အမှန်ပါပဲတဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *