သီချင်းထဲမှာ ဘဝအခက်အခဲတွေထည့်ဆိုထားတဲ့ ကောင်လေးကို ကူညီလိုက်တဲ့ ယုန်လေး

Posted on

လူချစ်လူခင်ပေါများပြီး ပရဟိတဖက်မှာလည်း လက်မနှေးတဲ့ ယုန်လေး တစ်ယောက်ကတော့ လက်ရှိမှာဖြစ်နေတဲ့ ဝူဟန်ကပ်ဆိုးကြီးမှာလည်း တဖက်တလမ်းကနေ ပါဝင်လှူဒါန်းခဲ့ပါတယ်။ ယုန်လေးကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ပရိသတ်တွေ သတိထားမိတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ သရုပ်ဆောင်ဖက်ပိုင်းကို ပိုပြီးတော့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးအွန်လိုင်းပေါ်မှာ သီချင်းစာသားတွေ ရွတ်ဆိုပြီး တင်နေကြတာ ဖြစ်ပြီး အဲ့ထဲမှာတော့ ယုန်လေးက ဘဝအကြောင်းဆိုထားတဲ့ ညီလေးတစ်ယောက် သီချင်းကိုနားထောင်ပြီး သူတတ်နိုင်သလောက် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ယုန်လေးကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး “ဒါလေးကြည့်ပြီးကို ပီတိဖြစ်လို့မဆုံး ကဲ Min Z ဆိုတဲ့ ဒီညီလေး ကိုဝန်းရံ လိုက်ကျရအောင် ကျွန်တော် ကိုရန်ချမ်း Share တာဝင်နားထောင်လိုက်ပြီး သူဆိုထားတဲ့ ငါတာဝန်ယူထားရတဲ့ မိသားစု က ၈ယောက်စာရှိတယ် ဆိုတဲ့ ကာရံ Bomb မှာ စိတ်မကောင်းဖြစ်မိသွားတယ် Rap ထဲမှာ နေပြန်တိုးနဲ့ အကြွေးဆပ်ရမှာလည်းပါတော့ ကိုယ်လည်း ပေါများနေတဲ့ လူမဟုတ်ပါဘူး ဘာဝင်ငွေမှလည်း မရှိတော့ပါဘူး ကျွန်တော်မှာ ဒါပေမယ့်လည်း သူတို့ အပူရှင်းသွားရင် သူတို့စိတ်တွေပေါ့ပြီး ပျော်သွားတာလေးမြင်ချင်မိတယ် နေ့ပြန်တိုးနဲ အကြွေးလေး ညီအစ်ကို အရင်းစိတ်နဲ့ ကူဆပ်ပေးလိုက်ပါတယ်။

ဒီကပ်ဆိုးတွေ ပြီးသွားရင်လည်း တက်နိုင်သလောက် အနုပညာဘက်မှာ ကူညီပေးပါ့မယ် ညီလေးရေ Fighting အခြေခံလူတန်းစားတွေ အများကြီးရှိမယ်ဆိုတာ သိပါတယ် အကုန်ကြပ်တည်းနေမယ် ဆိုတာလဲ သိပါတယ် ကျွန်တော်တို့လည်း လက်လှမ်းမှီသလောက် တက်နိုင်သလောက်ပေါ့ဗျာ တကယ် ကျွန်တော်လည်း လူချမ်းသာတစ်ယောက်ဆိုရင်တော့ တစ်ယောက်မကျန် အကုန်ကူချင်တာပေါ့ဗျာ အားလုံး အဆင်ပြေကျပါစေ ကပ်ဆိုးကြီး အမြန်ပြီးလို့ ပုံမှန် ပြန်လည်ပတ်နိုင်ပါစေ” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ ယုန်လေးကတော့ ညီလေး MinZ သီဆိုထားတဲ့ Rap ထဲက စာသားတွေကိုစိတ်မကောင်းတာနဲ့ အပြင်မှာ သွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *