သီချင်းသစ်မထွက်ခင်လေး ဂျိုင်းထောက်နဲ့ ဖြစ်သွားတဲ့ ဒါရိုက်တာ ယုန်လေး

Posted on

ပရိသတ်အချစ်တော် ဒါရိုက်တာကြီး ကိုရွှေယုန်တစ်ယောက် လတ်တလောမှာတော့ သီချင်းအသစ်တစ်ပုဒ်ကို ရိုက်ကူးတည်းဖြတ်ပြီး ပရိသတ်တွေဆီ ချပြဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ထိုင်းမလေးJessie နဲ့ တွဲဖက်ပြီး “စိတ်ကူးနဲ့ပဲ” သီချင်းကို အကုန်ပြင်ဆင်ထားတဲ့ ယုန်လေးက MC ကယားလေး နဲ့ Rap ကျားကြီး တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ထားတာပါ။

စိတ်ကူးနဲ့ပဲ သီချင်းရဲ့ ရိုက်ကူးတည်းဖြတ်မှုပိုင်းကိုတော့ ဘန်ကောက်အထိ သွားရောက်ရိုက်ကူးထားတာ ဖြစ်သလို သီချင်းထဲမှာတော့ MC ကယားလေးနဲ့ Rap ကျားကြီးတို့ရဲ့ ဘာသာစကား (၄) မျိုးနဲ့ သီဆိုဖျော်ဖြေမှုလည်း ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ ယုန်လေးရဲ့ ဖန်တီးမှုအောက်မှာ ဘယ်လိုသီချင်းကောင်းလေး ဖြစ်လာမလဲ ဆိုတာကိုတော့ ပရိသတ်တွေက စောင့်မျှော်နေကြသလို ထိုင်းမလေးရဲ့ ချောမောလှပမှုအောက်မှာလည်း အရည်ပျော်ကြမှာ ဖြစ်ပါတယ်။

သီချင်းထွက်မယ့်နေ့ မတိုင်ခင်မှာတော့ ကိုရွှေယုန်တစ်ယောက် ကံကောင်းခြင်းတွေများစွာနဲ့ ဘောလုံးကန်ရင်း ဂျိုင်းထောက်နဲ့ ဖြစ်သွားတာပါ။ အမြဲလှုပ်ရှားနေရတဲ့သူမို့ ဂျိုင်းထောက်နဲ့ မနေတတ် မထိုင်တတ် ဖြစ်နေကြောင်းကိုတော့ ယုန်လေးက ခုလို ရေးသားထားပါတယ်။“ဂျိုင်းထောက်လေးကို ပါကင်ဖောက် အမြဲလှုပ်ရှားနေတဲ့ ကောင်ကို လှုပ်လို့မရအောင်ဖြစ်တာ တော်တော်ဆိုးတာပဲ ခြေထောက်ထိတာနဲ့ ချက်ချင်းအပူချိန်တက်လာတယ်.. အလုပ်တွေအားလုံးက နောက်ရွှေ့လို့ မရတဲ့ အလုပ်တွေ မတတ်နိုင်ဘူးလေ….”ဆိုပြီး အခြေအနေကို တင်ပြထားတာပါ။ယုန်လေးရဲ့ သီချင်းသစ်ကတော့ ဒီနေ့မှာ ထွက်ရှိမှာ ဖြစ်သလို ထိုင်းမလေးနဲ့ ယုန်လေးတို့ရဲ့ ရင်းနှီးမှုကိုလည်း အကြောင်းသိတွေက စနောက်ကြတာ ဖြစ်ပါတယ်။ original ganster ရဲ့ ဖန်တီးရှင် ဒါရိုက်တာကြီး ကိုယုန်ရဲ့ သီချင်းသစ်က ပရိသတ်တွေကြား ဘယ်လောက်ထိ ပေါက်မြောက်မလဲ ဆိုတာကိုတော့ အားပေးကြည့်ရှုကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *