မြန်မာအိုင်ဒေါ Season-4 ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် အက်စတာကတော့ မကြာသေးခင်ကမှ သူ့ရဲ့ပထမဆုံးသီချင်းလေးကို ထွက်ရှိခဲ့ပါတယ်။ သေချာအချိန်ယူပြင်ဆင်ပြီးထွက်လာတဲ့ သီချင်းလေးမို့ စောင့်မျှော်နေတဲ့ ပရိသတ်တွေ မျှော်ရကျိုးနပ်စေခဲ့မှာ အမှန်ပါ။
ဒီနေ့မှာတော့ ဒီသီချင်းလေးကို ကြည့်ရှုသူ တစ်သန်းပြည့်ခဲ့ပြီဖြစ်ပြီး အက်စတာကတော့ ” ကော်ဖီပူပူလေးသောက်ရင်း Unseen သွားတဲ့တစ်ယောက်သောသူကိုစောင့်နေမိတယ် ဘာရယ်မဟုတ်ဘူး 1M လေးပြည့်သွားတော့ပျော်လို့ပါ ချစ်ပီးအားပေးကြတဲ့ White Nubes တို့နဲ့ အမျိုးတို့အားလုံးကျေးဇူးတင်ပါတယ် ပိုကြိုးစားပါ့မယ်ရှင့်” ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
ဒီနေ့ခေတ်လို လူမှုကွန်ရက်ကိုပဲ အသုံးပြုပြီး အချင်းချင်းဆက်သွယ်လာကြတဲ့အချိန်မှာ ကိုယ့်ရဲ့ Message ကို ချစ်ရသူက မကြည့်တော့တဲ့အနေအထားလေးမှာ ခံစားရတဲ့ခံစားချက်တွေကို ဒီသီချင်းလေးထဲမှာ တွေ့မြင်ရမှာပါ ပရိသတ်ကြီးရေ အက်စတာရဲ့ သီချင်းအသစ်လေးကို နားမထောင်ရသေးတဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။