ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ အိစိကွေးနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ အိစိကွေးကတော့ ငယ်စဉ်ဘဝတည်းကနေ အခုကြီးတဲ့အချိန်ထိတောင် သရုပ်ဆောင်မှုပိုင်းမှာ ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး ဂီတပိုင်းမှာလည်း အောင်မြင်လာတဲ့ အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်။သူရဲ့သီချင်းဖြစ်တဲ့ “ဆက်ရန်မရှိ”သီချင်းကတော့ အောင်မြင်ကျော်ကြားနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
အိစိကွေးကတော့ အခုလတ်တလောမှာအိမ်မှာအနားယူနေစဉ် သီချင်းအသစ်တစ်ပုဒ်ထွက်ရှိအောင်လည်း ကြိုးစားနေတဲ့သူတစ်ဦးပါ။ သူရဲ့ချစ်ရတဲ့ ပရိသတ်တွေကို အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အမြဲလိုလို တင်ပေးလေ့ရှိပါတယ်။ အိစိကွေးက ” ဒီနေ့ Recording နဲ့ Shooting လုပ်ဖြစ်ပါတယ် မကြာမှီ လာမည်မျှော်”ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သီချင်းအသစ်လေးကို မကြာခင်မှာပဲချပြလာတော့မယ့် အကြောင်းကို တင်လာခဲ့တာပါပဲနော်။
ပရိသတ်တွေအတွက် အိစိကွေးရဲ့ သီချင်းသစ်ထွက်တော့မယ့် အကြောင်း ကို ပြန် လည်ပြီမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း အိစိကွေးကို အားပေးချစ်ခင်တယ်ဆိုရင် မျှော်လင့် စောင့်စားကြရအောင်နော်။