သီတဂူဆရာတော်ကြီး၏ ပုံတူကြေးရုပ်တု အောင်မြင်စွာ စိုက်ထူ

Posted on

သီတဂူဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုကို ယနေ့ ဖေဖော်ဝါရီ၂၃ရက် နံနက်ပိုင်းက စစ်ကိုင်း၊ သီတဂူဗုဒ္ဓတက္ကသိုလ်အတွင်း အောင်မြင်စွာစိုက်ထူပြီးစီးကြောင်း သိရသည်။

အမြင့်ခြောက်ပေရှိ ထိုင်နေတော်မူဟန် ဆရာတော်ကြီးငယ်စဉ်ကပုံကို ကြေးပိဿာချိန်သုံးရာကျော်ဖြင့် မှီငြမ်းသွန်းလောင်းထားသည့် ရုပ်တုဖြစ်ပြီး ဆရာတော်ကြီး၏ သာသနဟိတဓရဂုဏ်၊ ဗဟုဇနဟိတဓရဂုဏ်၊ သီလ သမာဓိ ပညာဂုဏ်တို့ကို ပူဇော်လို‌၍ မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင်(တမ္ပဝတီ)၊ ဦးလှမြင့်(ပြည့်ဝကြေးသွန်း)၊ ဦးအောင်မင်း(မုဒိတာ ကျောက်ဆစ်) နှင့် တပည့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ဝိုင်းဝန်းပုံဖော်လှူဒါန်းထားခြင်းဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် လာမည့်တပေါင်းလပြည့်၌ သက်တော်၈၃နှစ်ပြည့်မြောက်တော်မူမည်ဖြစ်ရာ မွေးနေ့မင်္ဂလာနေ့အတူ အလှူအတန်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန်စီစဉ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *