သူထက်ငယ်ပေမယ့် ဘဝကိုဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာ သင်ပေးခဲ့တဲ့မင်းသွေးကို သတိရကြောင်းဆိုလာတဲ့ သားညီ

Posted on

သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးဝန်းရံမှုကိုရရှိထား သားညီကတော့ မနေ့က(၃)ရက်နေ့မှာတော့ မင်းသွေးကိုသတိရမိတယ်လို့ဆိုလာပါတယ်။ရုပ်ရှင်သရုပ်ဆောင် မင်းသွေးကတော့ လွန်ခဲ့တဲ့(၂၀၁၈)ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ညမှာ ကွယ်လွန်ခဲ့တာဖြစ်တာကြောင့် သားညီကတော့ဒီလ(၃)ရက်နေ့ကိုရောက်လာတာမို့သတိရမိပြီး မင်းသွေးသာရှိနေသေးရင် ပရဟိတအလုပ်တွေ ဘယ်လောက်တောင်လုပ်နေမလဲလို့ တွေ့မိပါတယ်တဲ့။

အဲဒီအကြောင်းကို “3 ရက်နေ့ကို ရောက်လာပြန်ပြီ သတိရတယ်ဗျာ ဒီအချိန်ခင်ဗျားရှိနေရင် ပရဟိတ အလုပ်တွေ ဘယ်လောက်များလုပ်နေလိုက်မလဲ ကျွန်တော့ထက် အသက်အများကြီးငယ်ပေမယ့် ဘဝကို ဘယ်လိုရှင်သန်နေထိုင်ရမလဲလို့ သင်ပေးခဲ့တဲ့ သူကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းနေပါစေဗျာ သားညီ” လို့သားညီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။

မင်းသွေးကတော့ အသက်ငယ်သူတစ်ယောက်ဖြစ်ပေမယ့် သူ့ထက်အသက်အများကြီး ကြီးတဲ့ သားညီကို ဘဝမှာဘယ်လိုရှင်သန်နေထိုင်သင့်တယ်ဆိုတဲ့အကြောင်းကိုလည်း သင်ကြားပေးခဲ့ပါသေးတယ်တဲ့ …။ (၂၀၁၈)ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ညမှာ ကွယ်လွန်ခဲ့တဲ့ မင်းသားမင်းသွေးကို သားညီကသတိရသလို ပရိသတ်ကြီးလည်းသတိရနေလားဆိုတာပြောပြခဲ့ပါဦးနော်

Leave a Reply

Your email address will not be published. Required fields are marked *