သူနာပြုဆရာမလေး‌မေပြုံးကြည်၏ မွန်မြတ်သော အလှူ

Posted on

နိုင်ငံတော်အစိုးရမှနှစ်လစာထောက်ပံ့ကြေးပေးထားသည်ကို ကိုဗစ်-၁၉ ကူးစက်ခံရသည့်သူနာပြုသားဖွားများအတွက် သူနာပြုဆရာမလေး‌မေပြုံးကြည်ပြန်လှူဒါန်းခဲ့ကြောင်းသိရသည်။

နေပြည်တော်တပ်ကုန်းမြို့နယ် တဲမြင့် S/C တွင်တာဝန်ကျ​နေ​သော သားဖွားဆရာမဖြစ်သူ​ဒေါ်​မေပြုံးကြည်ကနိုင်ငံ​တော်အစိုးရမှ၂လစာ​ပေး​သော ကိုဗစ်-၁၉ ထောက်ပံ့‌ကြေးငွေ တစ်သိန်း(၁၀၀၀၀၀) ကျပ်တိတိအား ကိုဗစ်-၁၉ ​ရောဂါကူးစက်ခံရ​သောသူနာပြုသားဖွားများအတွက်အလှူ​ငွေအဖြစ်မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီသို့ပေးပို့လှူဒါန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန( ဖောင်ကြီး ) သို့ ကရင်ပြည်နယ်ရှိ ခရိုင်၊ မြို့နယ် ဆေးရုံများမှ သူနာပြု ဆရာ၊ဆရာမ ၂၀ ဦးတို့လာရောက်အားဖြည့်ကာတာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *