သူမနာမည်ကြီးနဲ့ အပြင်မှာ ငွေတွေလိုက်လိမ်နေတဲ့ အကြောင်း ပရိသတ်တွေကို သတိပေးလာတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု

Posted on

သရုပ်ဆောင် မင်းသမီးချော ပိုင်ဖြိုးသုကတော့ မီ နေဝင်အိပ်တန်းတက် Now & Ever ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ အထူးနာမည်ကြီးလာတဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး သူမရဲ့အနုပညာစွမ်းရည်ကို ပရိသတ်တွေက အထူးနှစ်သက်ကြတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ဒီရက်ပိုင်းမှာတော့ လူမှုကွန်ယက်မှာ ပိုင်ဖြိုးသုနာမည်သုံးပြီး လိုက်လံလိမ်လည်သူတွေကြောင့် သူမပရိသတ်တွေကို သတိပေးထားခဲ့ရတာကိုတွေ့ရပါတယ်။ပိုင်ဖြိုးသုက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် သူမနာမည်ကြီးနဲ့ လိုက်မလိမ်ဖို့နဲ့ သူမနာမည်တွေနဲ့ ပိုက်ဆံတောင်းခံလာလျှင်မယုံကြည်ကြဖို့ မျှဝေထားခဲ့တာပါ။

ဒီလိုမျှဝေခဲ့ရတာနဲ့ပတ်သတ်ပြီး ပိုင်ဖြိုးသုက ” သုကို Go With Me ကမခင်မြတ်ကလှမ်းပြောတာပေါ့နော်။သုသု ကြားပြီးပြီလား သုသုနာမည်ကြီးနဲ့ ပြင်ဦးလွင်ဘက်မှာလိုက်လိမ်နေတယ်ပေါ့။ အလိမ်ခံလိုက်ရရင်ကိုယ်နဲ့မဆိုင်ပေမယ့် ပရိသတ်ကိုမျက်နှာပူလို့ပါ။သူက ကိုမြင့်မြတ်နာမည်နဲ့ရောသုသုနာမည်နဲ့ရော ကြော်ငြာရိုက်မယ်ဆိုပြီး ဆိုင်တွေကိုလိမ်တာ။နောက်တစ်ယောက်ကကျတော့ သုသုနဲ့ သူငယ်ချင်းဆိုပြီး လိုက်ပြောတာပေါ့။သူကတော့ ပိုက်ဆံတွေလိမ်တာဘာညာတော့မရှိဘူး။ကိုဏကြီးကလည်း ဒီအကြောင်းတိုင်ပင်တော့ သုသုကိုသတိပေးထားသင့်တယ်ဆိုလို့ တင်လိုက်တာပါ။အားလုံးပဲသတိထားကြပါ လို့ထပ်ပြောချင်ပါတယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

ဒါကတော့ ပိုင်ဖြိုးသုနာမည်နဲ့လိုက်လိမ်နေတဲ့အပေါ် သုသု ပြန်ဖြေရှင်းထားခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ။သုသုကိုအားပေးတယ်ဆို အားပေးစကားလေးပြောသွားခဲ့ကြပါအုန်းနော်။

Leave a Reply

Your email address will not be published. Required fields are marked *