တချိန်က ဆံပင်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့နိုင်တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက အသက်ကြီးလာတာနဲ့အမျှ ကောင်းသတင်းတွေနဲ့ ပိုပြီး နာမည်ကျော်လာပါတယ်။ ပရဟိတ မင်းသမီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပရဟိတစိတ်ဓာတ်ပြင်းထန်သူ ခိုင်နှင်းဝေက “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း” နဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” တို့ကို ဖွင့်လှစ်ထားသူတစ်ဦးပါ။
ဒီတစ်ခေါက်မှာတော့ ခိုင်နှင်းဝေက သူမရဲ့ ကလေးတွေနဲ့အတူတူ အနုပညာရှင်များရဲ့ ရှေ့ရေးကို ထိခိုက်စေတဲ့ သတင်းအမှားတွေနဲ့ ပက်သတ်ပြီး စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။
ခိုင်နှင်းဝေက သူမရဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” ကို အောင်သူနဲ့ ပိုးအိအိခန့်တို့ မိသားစုတွေ သိန်း (၁၀၀၀) လှူဒါန်းတယ်ဆိုတဲ့သတင်းအမှားကို အခုလိုပဲ ပြောထားပါတယ်။မီဒီယာမဟုတ်တဲ့ Page တွေရယ်..မဟုတ်မမှန်တွေသိပ်တင်တာပဲ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ မဟုတ်မမှန်သတင်းတွေတင်ပြီးတိုက်ခိုက်နေကြတာလဲရှင်.. အနုပညာရှင်တွေ နဲ့ ကျမကလေးတွေရှေ့ရေး ထိခိုက်ပါတယ်ရှင်..” ဆိုပြီး ပြောထားပါတယ်။
ကာယကံရှင် ပိုးအိအိခန့်ကလည်း “အော်မီဒီယာတွေရယ် မဟုတ်မှန်တာတွေ မတင်ပါနဲ့ တောင်းဆိုပါတယ်။ ကိုယ်တွေအဲ့လောက်လည်းမချမ်းသာပါဘူး။ တော်ကြာ ဓါးပြတိုက်ခံနေရဦးမယ်။ ပြောသလိုလည်း တစ်နေ့လှူနိုင်တန်းနိုင်ပါစေ။ အခုတော့ မဟုတ်တဲ့သတင်းမို့ ပြန်ဖျက်ပေးစေလိုပါတယ်။” ဆိုပြီး စိတ်မကောင်းစွာ ပြောထားပါတယ်။အခုလို သတင်းအမှားတွေကြောင့် ပိုးအိအိခန်းတို့ မိသားစုနဲ့အတူတူ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများကို ထိခိုက်စေခဲ့တာပဲ ဖြစ်ပါတယ်။