သူမရဲ့ချစ်စရာကောင်းတဲ့ အိပ်ခန်းလေးနဲ့ အဝတ်အစားအသုံးအဆောင်တွေကို ချပြလိုက်တဲ့ ဖြူ ဖြူ ထွေး

Posted on

အသက်ငယ်ငယ်လေးနဲ့ အများကြီးအောင်မြင်နေတဲ့ ဖြူဖြူထွေးတစ်ယောက် သူမရဲ့ ချစ်စရာအိပ်ခန်းလေးထဲက အရောင်အသွေးစုံတဲ့ အဝတ်အစားလေးတွေနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ အနုပညာအလုပ်တွေကို အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ခဲ့ပြီး သူမကိုချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြားပါပဲ။

မိဘကိုသိတတ်တဲ့အပြင် ကိုယ့်ရပ်ကိုယ်ရွာကိုလည်း ကောင်းကျိုးပြုတဲ့ စိတ်ထားလှသူလေးပါ။ အနီးအနားမှာ အဆင်မပြေတာတွေရှိရင် လည်း တတ်နိုင်သလောက်ကူညီပေးပြီး အနုပညာရှင် အချင်းချင်းအဆင်မပြေတာရှိရင်လည်း သူမရဲ့ကြော်ငြာလေးတွေမှာ ခေါ်သုံးပေး တတ်ပါသေး တယ်။ မိဘကိုလည်းစိတ်ချမ်းသာအောင်ထားတဲ့အပြင် မိဘစကားကိုလည်း မြေဝယ်မကျ နားထောင်တတ်တဲ့ သမီးလိမ္မာ လေးပါပဲ။

အမြဲတမ်းပြုံးနေတတ်ပြီး ဝေဖန်မှုတွေကိုလည်း အလုပ်နဲ့ပဲ အကောင်းဆုံးသက်သေပြတတ်သူ ပါ။ အနုပညာရှင်တစ်ယောက်ဖြစ်တာမို့ အရောင်အသွေးစုံတဲ့အဝတ်အစားတွေအပြင် အိတ်တွေကလည်း အစီအရီပါပဲ။ ကြိုးစားမှုရဲ့ရလာဒ်လေးကတော့ မိဘတွေရော ကိုယ်တိုင်ပါ အပူမပင်မရှိဘဲ အေးအေးလူလူအရိပ်အောက်မှာ နေနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *